စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် အထွေထွေသပိတ်ကော်မတီ(GSC) ဦးဆောင်သည့် အလုပ်သမားနှင့် ကျောင်းသားများ သပိတ်စစ်ကြောင်းသည် ယနေ့ (သြဂုတ် ၉ရက်) နံနက်ပိုင်းက ရန်ကုန်မြို့မဂ်လာတောင်ညွန့်မြို့နယ်၌ ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်စစ်ကြောင်းတွင် ကျောင်းသားများနှင့် ပြည်သူ ၅၀ခန့်ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံအလံကိုင်ဆောင်၍ ဆန္ဒပြထိုင်းလူထုနှင့်အတူရပ်တည်ကြောင်းလည်း ပြသခဲ့ကြသည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်နေသည်။
