Connect with us

Hi, what are you looking for?

News

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ယနေ့ တိုက်ပွဲသုံးကြိမ် ထပ်မံဖြစ်ပွား

ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်း၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ကရင်နီဒေသသို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန် သည်။

ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်း၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ပင်လောင်းဘက်မှ စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဖယ်ခုံမြို့နယ် ခေါင်းအိနှင့် လဝဲကျေးရွာအနီးတွင် KNDF တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ယနေ့ ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကောင်း ထုတ်ပြန်ခဲ့သည်။ KNPP/KNDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိမရှိကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၁ရက်က ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြား၌ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၈ရက်တွင်လည်း ရှမ်းကယားနယ်စပ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်လုပ်နေ၍ တိုက်ပွဲများ ပိုမိုဖြစ်ပွားနိုင်ကြောင်း KNDFက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။