Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ယနေ့ တိုက်ပွဲသုံးကြိမ် ထပ်မံဖြစ်ပွား

ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်း၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ကရင်နီဒေသသို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန် သည်။

ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်း၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ပင်လောင်းဘက်မှ စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဖယ်ခုံမြို့နယ် ခေါင်းအိနှင့် လဝဲကျေးရွာအနီးတွင် KNDF တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ယနေ့ ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကောင်း ထုတ်ပြန်ခဲ့သည်။ KNPP/KNDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိမရှိကိုမူ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၁ရက်က ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြား၌ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၈ရက်တွင်လည်း ရှမ်းကယားနယ်စပ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်လုပ်နေ၍ တိုက်ပွဲများ ပိုမိုဖြစ်ပွားနိုင်ကြောင်း KNDFက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။