Connect with us

Hi, what are you looking for?

News

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်ထားမရဟုKNU ဥက္ကဋ္ဌပြော

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း KNU အုပ်ချုပ်ရေးနယ်မြေများ၌ အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့ပြီး ဇူလိုင် တစ်လတည်း၌ပင် KNUနှင့် စစ်ကောင်စီ တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်များ အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရသူများပြားခဲ့သည်။

နိုင်ငံရေးပြဿနာကိုတွေ့ဆုံဆွေးနွေးလိုသည့် နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်များထား၍ မရနိုင်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဩဂုတ် ၁၂ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ သို့ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထု ရင်ဆိုင်နေရသည့် အချက်များအား ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် နိုင်ငံရေး နောက်ကြောင်းပြန်ခဲ့ရပြီး ပြည်သူလူထုများကို ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများက မြို့ကြီးပြကြီးအထိ ပြန့်နှံ့ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

“ညှင်းပန်းနှိပ်စက်မှု တွေနဲ့ သတ်ဖြတ်မှုတွေဟာ ယခုထက်တိုင် အတောမသတ်ဘဲ ရှိနေပါတယ်။ နိုင်ငံရေးပြဿနာ တွေကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်တွေ ထားလို့မရနိုင်ပါဘူး။ဒါကြောင့် မိမိတို့အနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားပြီး တစ်ဖက် မှာ လည်း မိမိတို့ ပြည်သူလူထုရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ မိမိတို့ရဲ့ နေရပ်ဒေသကို ကာကွယ်ရမှာ ဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲတစ်ခုဖြစ်သော KNU အဖွဲ့အစည်းအတွင်း သတ်လျှိုထိုးခွဲမှု များ လက်ရှိအချိန်ထိကြုံနေရကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောသည်။

အဖွဲ့အစည်းအားနည်းစေရန်၊ စည်းလုံးညီညွတ်မှုများ အားနည်းစေရန်၊ အင်အားယုတ်လျှော့စေရန် ထိုးနှက်ခံခဲ့ရသဟု ၎င်းက ဆိုသည်။

“ဒီလိုအခက်အခဲတွေကို ယနေ့ထက်ထိလည်း ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးက ပြောသည်။

KNU အဖွဲ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ပြည်သူလူထုများကို အကူအညီအကာကွယ်များပေးခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း KNU အုပ်ချုပ်ရေးနယ်မြေများ၌ အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့ပြီး ဇူလိုင် တစ်လတည်း၌ပင် KNUနှင့် စစ်ကောင်စီ တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်များ အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရသူများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။