Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်က အကြမ်းဖက်စစ်ကောင်စီကို ​ဒေါ်လာ ၆သန်းပေးမယ်လို့ဆို

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံက မြန်မာအပေါ် ထောက်ခံအား ပေးမှုကို ကျေးဇူးတင်ချီးကျူးကြောင်း အထက်ပါလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - တရုတ်သံရုံး

တရုတ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကြမ်းဖက်စစ်ကောင်စီကို လွှဲပြောင်းပေးအပ်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၁ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို သြဂုတ်လ ၁၀ ရက်မှာ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပြီး တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ စစ်ကောင်စီဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တက်ရောက် တာဖြစ်ပါတယ်။

ဓာတ်ပုံ – တရုတ်သံရုံး

အနောက်အင်အားကြီးနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအများစုက အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ အကြမ်းဖက်စစ်ကောင်စီကို ၎င်းတို့အကျိုးစီးပွားအတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံက မြန်မာအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ချီးကျူးကြောင်း အထက်ပါလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Shraner Burgener ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ လက်ရှိအချိန်အထိ အောင်မြင်မှု မရှိသေးဘဲ ဥပဒေမဲ့ အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ သုံးသပ်ထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။