Connect with us

Hi, what are you looking for?

News

တရုတ်က အကြမ်းဖက်စစ်ကောင်စီကို ​ဒေါ်လာ ၆သန်းပေးမယ်လို့ဆို

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံက မြန်မာအပေါ် ထောက်ခံအား ပေးမှုကို ကျေးဇူးတင်ချီးကျူးကြောင်း အထက်ပါလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - တရုတ်သံရုံး

တရုတ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကြမ်းဖက်စစ်ကောင်စီကို လွှဲပြောင်းပေးအပ်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၁ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို သြဂုတ်လ ၁၀ ရက်မှာ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပြီး တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ စစ်ကောင်စီဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တက်ရောက် တာဖြစ်ပါတယ်။

ဓာတ်ပုံ – တရုတ်သံရုံး

အနောက်အင်အားကြီးနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအများစုက အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ အကြမ်းဖက်စစ်ကောင်စီကို ၎င်းတို့အကျိုးစီးပွားအတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံက မြန်မာအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ချီးကျူးကြောင်း အထက်ပါလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Shraner Burgener ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ လက်ရှိအချိန်အထိ အောင်မြင်မှု မရှိသေးဘဲ ဥပဒေမဲ့ အာဏာသိမ်းမှုဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ သုံးသပ်ထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က အင်အားပြ စစ်ရေးလေ့ကျင့်နေပေမယ့် ဒီကိစ္စကို ဘာမှ မစိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ​ပြောပါတယ်။

နိုင်ငံတကာ

ခွဲထွက်ရေး အင်အားစုတွေကို သတိပေးဖို့ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်အတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်က အရှိန်မြှင့်လာတာဟာ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ဖြစ်အောင် ခြိမ်းခြောက်မှုတွေကို မီးစာဖြည့်ပေးနေခြင်း ဖြစ်တယ်လို့ တရုတ်က သတိပေးခဲ့ပါတယ်။