Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်အမြန်ဆုံးပြန်သွားရေး အမေရိကန် အလေးထားလုပ်ဆောင်နေ

ဂျပန်နဲ့ ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက တယ်လီဖုန်းလိုင်းနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာ့အရေးကို အမေရိကန်က အလေးထားတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

ဓာတ်ပုံ - Ambassador Linda Thomas's Twitter

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲပဋိပက္ခတွေအပေါ် အလွန် အမင်းစိုးရိမ်နေသည်ကို ရှင်းလင်းစွာ ပြောကြားလိုတယ်လို့ အမေရိကန်သံအမတ်ကြီး Linda Thomas- Greenfield က ဒီနေ့ ပြောပါတယ်။

ဂျပန်နဲ့ ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက တယ်လီဖုန်းလိုင်းနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာ့အရေးကို အမေရိကန်က အလေးထားတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

“ကျွန်မတို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်သွားဖို့၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ဆက်လက်ဖိအားပေးသွားမှာပါ။ တစ်ချိန်တည်းမှာ မြန်မာပြည်သူတွေကို မမှိတ်မသုန် ကူညီထောက်ပံ့ပေးသွားမှာပါ” လို့ သံအမတ်ကြီး Linda Thomas-Greenfield က ပြောပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း သံအမတ်ကြီးဟာ ဝန်ကြီးချုပ် ပရာယွတ်၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီး မဟာမိတ် ဆောင်ရွက်မှုတိုးချဲ့ရေး၊ အများပြည်သူကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ လူ့အခွင့် အရေး၊ လူသားချင်းစာနာမှုနဲ့ မြန်မာ့စစ်အာဏာသိမ်းမှု စတာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးဖြေရှင်းရေးနဲ့ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တဲ့အပေါ် အခိုင်အမာကြိုဆိုကြောင်းနဲ့ အထူးကိုယ်စားလှယ်တောင်းဆိုသလို သက်ဆိုင်ရာ Stakeholder အားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိဖို့ မြန်မာစစ်တပ်ကို အမေရိကန်ကတောင်းဆိုတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးအကောင် အထည်ဖော်ရေး၊ ဒီမိုကရေစီလိုလားတဲ့ခေါင်းဆောင်တွေအပါအဝင် ပါတီအားလုံးနဲ့ ထိတွေ့ဆွေးနွေးရေးတို့အတွက် မြန်မာစစ်တပ်ကို တာဝန်ခံစေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်က တိုက်တွန်းတယ်လို့ ဆက် ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးရဲ့ ထိုင်းခရီးစဉ်မှာ မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ ကူညီထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။