Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယန္တရားတွင်ပါဝင်နေသည့် ဝန်ထမ်းနှင့်လူပုဂ္ဂိုလ်များ CDM ဝင်ကြရန် KNDF သတိပေးချက်ထုတ်ပြန်

ဆောင်ရွက်လျက်ရှိသောဌာနများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု KNDFက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ ယန္တရားများ လည်ပတ်နိုင်စေသော ဌာနများတွင် ပါဝင်ပတ်သက်နေသော ဝန်ထမ်းများ လူပုဂ္ဂိုလ်များကို အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကြရန် အထူးသတိပေးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယ​နေ့သတင်းထုတ်ပြန်သည်။

KNDF အနေဖြင့် စစ်ကောင်စီယန္တရားများ လည်ပတ်နိုင်ရေးအတွက် ထောက်တိုင်သဖွယ် ဆောင်ရွက်လျက်ရှိသောဌာနများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု KNDFက အသိပေးသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေများသည် CDM လုပ်ဆောင်ခဲ့သော ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ယာများမှ နှင်ချခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာရှင်စနစ် တည်မြဲရေးနှင့် စစ်ဗျူရိုကရက်ယန္တရားများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မူလအစိုးရ ဌာနများကို အသုံးပြုကာ ပြည်သူ လူထုများကို ဖိနှိပ်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ဌာနများလည်ပတ်နေသေးသရွေ့ စစ်အာဏာရှင်စနစ် တည်မြဲနေမည်ဖြစ်ကြောင်း ထို့ကြောင့် KNDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါး စေများ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ် ကောင်စီက ဒီကနေ့ (မတ်လ ၆ရက်)မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

သတင်း

စစ်​ကောင်စီလက်​အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်အစိုးရကနေ ဖမ်းခိုင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်အချို့က‌ပြောပါတယ်။

သတင်း

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။