Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီယန္တရားတွင်ပါဝင်နေသည့် ဝန်ထမ်းနှင့်လူပုဂ္ဂိုလ်များ CDM ဝင်ကြရန် KNDF သတိပေးချက်ထုတ်ပြန်

ဆောင်ရွက်လျက်ရှိသောဌာနများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု KNDFက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ ယန္တရားများ လည်ပတ်နိုင်စေသော ဌာနများတွင် ပါဝင်ပတ်သက်နေသော ဝန်ထမ်းများ လူပုဂ္ဂိုလ်များကို အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကြရန် အထူးသတိပေးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယ​နေ့သတင်းထုတ်ပြန်သည်။

KNDF အနေဖြင့် စစ်ကောင်စီယန္တရားများ လည်ပတ်နိုင်ရေးအတွက် ထောက်တိုင်သဖွယ် ဆောင်ရွက်လျက်ရှိသောဌာနများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု KNDFက အသိပေးသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေများသည် CDM လုပ်ဆောင်ခဲ့သော ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ယာများမှ နှင်ချခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာရှင်စနစ် တည်မြဲရေးနှင့် စစ်ဗျူရိုကရက်ယန္တရားများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မူလအစိုးရ ဌာနများကို အသုံးပြုကာ ပြည်သူ လူထုများကို ဖိနှိပ်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ဌာနများလည်ပတ်နေသေးသရွေ့ စစ်အာဏာရှင်စနစ် တည်မြဲနေမည်ဖြစ်ကြောင်း ထို့ကြောင့် KNDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါး စေများ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။