Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရက ကရင့်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပို့

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန်ရည်ရွယ်ပြီး နှစ်စဉ် ဩဂုတ်လ (၁၂)နေ့ ရောက်တိုင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့(ဩဂုတ် ၁၂ရက်)တွင်ကျရောက်သည့် (၇၁)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ကရင့်အမျိုးသားအာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ခန္ဓာများကို ပေးဆပ်ခဲ့ကြသော မျိုးချစ် ခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုများရှိနေခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့် နေ့တစ်နေ့ဖြစ်မည်ဟုယုံကြည်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင့်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့်ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်း ချက်ပန်းတိုင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုသည်ဟု ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်း‌ရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြားရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန်ရည်ရွယ်ပြီး နှစ်စဉ် ဩဂုတ်လ (၁၂)နေ့ ရောက်တိုင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ အားကောင်းတဲ့အစိုးရအဖြစ်ဖွဲ့စည်းဖို့နဲ့ စစ်အုပ်စု ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းဖို့အဆင့်တွေ ကျန်နေသေးဟုဆို

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်