Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရက ကရင့်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပို့

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန်ရည်ရွယ်ပြီး နှစ်စဉ် ဩဂုတ်လ (၁၂)နေ့ ရောက်တိုင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့(ဩဂုတ် ၁၂ရက်)တွင်ကျရောက်သည့် (၇၁)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ကရင့်အမျိုးသားအာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ခန္ဓာများကို ပေးဆပ်ခဲ့ကြသော မျိုးချစ် ခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုများရှိနေခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့် နေ့တစ်နေ့ဖြစ်မည်ဟုယုံကြည်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင့်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့်ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်း ချက်ပန်းတိုင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုသည်ဟု ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်း‌ရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြားရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန်ရည်ရွယ်ပြီး နှစ်စဉ် ဩဂုတ်လ (၁၂)နေ့ ရောက်တိုင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။