Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူလူထုကိုအားပေးကူညီဖို့ အမေရိကန်က စွဲစွဲမြဲမြဲကတိပြုထားတယ်လို့ သံအမတ်ကြီးထုတ်ပြန်

မြန်မာပြည်သူလူထုကို အားပေးကူညီဖို့ အမေရိကန်ပြည်ထောင်စုက စွဲစွဲမြဲမြဲကတိပြုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမက်စ်ဗိုက်ဒါက ဒီနေ့ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - US Embassy Rangoon

ဒီမိုကရေစီလမ်းကြောင်းတစ်ရပ်ပေါ်ပြန်လည်ရောက်ရှိရေးအတွက်ကြိုးပမ်းအားထုတ်နေပြီး ယခုအခါပိုမိုဆိုးရွားလာသော ကပ်ရောဂါကိုရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူလူထုကိုအားပေးကူညီဖို့ အမေရိကန်ပြည်ထောင်စုက စွဲစွဲမြဲမြဲကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော မြန်မာပြည်သူများအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည့်အကြောင်း အမေရိကန်သံရုံးကိုယ်စား ကျွန်တော်ရိုးသားစွာပြောကြားလိုပါသည်။ ကိုဗစ်-၁၉ ကူးစက်မှု၏ လတ်တလောအရှိန်အဟုန်ကြောင့် ကျွန်တော်တို့သံရုံးမှလုပ်ဖော်ကိုင်ဖက်များအပါအဝင် ယခင်ကတည်းကထိခိုက်ခံစားနေခဲ့ကြရသော မိသားစုဝင်များနှင့်လူ့အသိုက်အဝန်းများအပေါ် ရက်ရက်စက်စက်ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပေါ်စေခဲ့ရပါသည်။ မြန်မာပြည်သူလူထုနှင့် ၎င်းတို့၏ကျန်းမာရေး အရေးပေါ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အကူအညီပေးနေကြသူများအနေဖြင့် ဆက်လက်ရှင်သန်နေထိုင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာအလုပ်လုပ်နိုင်ရမည်ဖြစ်ပါသည်” လို့ သံအမတ်ကြီး သောမက်စ်ဗိုက်ဒါက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ရောဂါစတင်ပြန့်ပွားချိန်က စလို့ အမေရိကန်ဟာ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ နဲ့ဆက်နွယ်တဲ့ အကူအညီများကို ဒေါ်လာ သန်း ၂၀ ကျော် ပံ့ပိုးပေးခဲ့ပါတယ်။
အခုသီတင်းပတ်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် ပေးအပ်ဖို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးလ်က ကြေညာခဲ့ပါတယ်။

အခု ပြည်သူ့ကျန်းမာရေးအကျပ်အတည်းကိုကျော်ဖြတ်နိုင်ရေး မြန်မာပြည်သူလူထုကိုအကူအညီပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) နဲ့ Gavi အပါအဝင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေအတွက် သိသာထင်ရှားတဲ့ ရန်ပုံငွေတွေကိုဆက်လက်ကူညီပံ့ပိုးနေတယ်လို့ သောမက်စ်ဗိုက်ဒါရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အထောက်အကူဖြစ်စေမယ့် ကိုဗစ်-၁၉ စစ်ဆေးရေး၊ အောက်ဆီဂျင်၊ စားရေရိက္ခာအကူအညီနဲ့ ကာကွယ်ဆေးအပါအဝင် ဆေးဝါးကုသမှုပေးရေးအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒတွေနဲ့အညီ ကူညီဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံအတွင်း ပိုမိုတိုးချဲ့လက်လှမ်းမီ ဝင်ရောက်နိုင်ရေးအတွက် အမေရိကန်က ညီညီညာညာကြိုးပမ်းအားထုတ်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။