Connect with us

Hi, what are you looking for?

News

မြန်မာဟာ အရှေ့တောင်အာရှမှာ ကိုဗစ်နဲ့ သေဆုံးနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အတိုင်းဆိုရင် သေဆုံးနှုန်းက ၃.၆၇ ရာခိုင်နှုန်းအထိရှိနေတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုရော သေဆုံးမှုမှာ အရေအတွက်များတဲ့ အင်ဒိုနီးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတွေထက်ကို သေဆုံးမှုနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

အရှေ့တောင်အရှမှာ မြန်မာနိုင်ငံက ကိုဗစ်ရောဂါနဲ့သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အတိုင်းဆိုရင် သေဆုံးနှုန်းက ၃.၆၇ ရာခိုင်နှုန်းအထိရှိနေတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုရော သေဆုံးမှုမှာ အရေအတွက်များတဲ့ အင်ဒိုနီးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတွေထက်ကို သေဆုံးမှုနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

အရှေ့တောင်အရှ ၁၁ နိုင်ငံမှာ ကူစက်မှုရော သေဆုံးမှုပါအမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့အထိ ရောဂါကူးစက်ခံရသူ ၃ သန်းကျော်နဲ့ သေဆုံးသူကတော့ တစ်သိန်းစွန်းစွန်းရှိပြီး သေဆုံးမှုနှုန်းက ၃.၀၁ ရာခိုင်နှုန်းပဲရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ၁.၇ သန်းကျာ်ကူးစက်ခံထားရပြီး ၂၉၀၀၀ ကျော်သေဆုံးခဲ့တာကြောင့် သေဆုံးနှုန်းက ၁.၇၄ ရာခိုင်နှုန်းရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ ၃ သိန်း ၄ သောင်းကျော်မှာ သေဆုံးသူ ၁၂၀၀၀ ကျော်ရှိလို့ သေဆုံးနှုန်းက ၃.၆၇ ရာခိုင်နှုန်းထိရှိပါတယ်။

ဒါကလည်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရောဂါကူးစက်သူအရေအတွက်နဲ့ သေဆုံးသူအရေအတွက်အပေါ်တွက်ချက်ထားတာဖြစ်ပြီး အပြင်မှာကူးစက်သေဆုံးနေတဲ့ တကယ့်ကိန်းဂဏန်းတွေမပါသေးပါဘူး။

Public Service Announcement

Public Service Announcement

ကိုဗစ်တတိယလှိုင်းစဖြစ်ချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီးထောင်ချ၊ ဖမ်းဝရမ်းတွေထုတ်ထားတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးပြိုလဲနေချိန်ဖြစ်ပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ သေဆုံးနှုန်းက ၂ ရာခိုင်နှုန်းမှာပဲရှိခဲ့တာဖြစ်ပြီး တတိယလှိုင်းမှာတော့ အောက်စီဂျင်ပြတ်လတ်တာ၊ ဆေးဝါးပစ္စည်းတွေပြတ်လတ်တာ၊ အရေးပေါ်လူနာတွေအတွက် သွားစရာ ဆေးရုံနဲ့ ကုသရးစင်တာတွေမရှိတာကြောင့် နေအိမ်တွေမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ သေဆုံးရတဲ့အရေအတွက်ကလည်း စာရင်းပြုစုထားတာမရှိပေမယ့် သချိုင်းတွေမှာ အလောင်းတွေ စုပြုံတန်းစီကြရတဲ့အထိဖြစ်ပါတယ်။

လူဦးရေ ၃၂ သန်းကျော်ကူးစက်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်ရှိခဲ့ပြီး သေဆုံးနှုန်း ၁. ၃၄ ရာခိုင်နှုန်းပဲရှိပါတယ်။

ကိုးကား- Worldometers.info

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။