ဖွဲ့စည်းရာတွင် CDM မပြုလုပ်သူမဖြစ်စေရ CDF (Lautu)ကို အတိုက်အခံပြုလုပ်သော ပုဂ္ဂိုလ်မဖြစ်စေရ ပြည်သူလူထုသဘောဆန္ဒမပါဘဲ မိမိသဘောဖြင့် အလုပ်လုပ်တတ်သော လူပုဂ္ဂိုလ်မဖြစ်စေရ စသည့်စည်းကမ်းချက်များအတိုင်း ဖွဲ့စည်းရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် စည်းကမ်းချက်များနှင့်ကိုက်ညီသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရွေးချယ်ပြီးပါက သြဂုတ် လ ၂၀ ရက်နေ့နောက်ဆုံးထားပြီး CDF(Lautu)ထံ စာရင်းပေးပို့ပြီး အတည်ပြုချက်ရယူရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်မည့်ပုဂ္ဂိုလ်များအနေဖြင့် CDF(Lautu)နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာ ကွယ်ရေးစသည့်တို့ဆောင်ရွက်ရမည်ဖြစ်ပြီး မဖြေရှင်းနိုင်သည့်ကိစ္စရပ်များအား CDF(Lautu)ထံ တင်ပြရမည်ဖြစ်သည်။
CDF(Lautu)သည် ချင်းအမျိုးသားတပ်မတော် CNA ၏လမ်းညွှန်မှုကိုခံယူပြီး CDFs NuG/PDF များနှင့် တိုင်းရင်းသား ညီနောင်များနှင့်အတူ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
