Connect with us

Hi, what are you looking for?

News

မြို့ရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် CDF ကြေညာ

မြို့ရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းသွားရန် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chinland Defence Force-CDF(Lautu) က ယနေ့ထုတ်ပြန် သည်။

ဖွဲ့စည်းရာတွင် CDM မပြုလုပ်သူမဖြစ်စေရ CDF (Lautu)ကို အတိုက်အခံပြုလုပ်သော ပုဂ္ဂိုလ်မဖြစ်စေရ ပြည်သူလူထုသဘောဆန္ဒမပါဘဲ မိမိသဘောဖြင့် အလုပ်လုပ်တတ်သော လူပုဂ္ဂိုလ်မဖြစ်စေရ စသည့်စည်းကမ်းချက်များအတိုင်း ဖွဲ့စည်းရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စည်းကမ်းချက်များနှင့်ကိုက်ညီသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရွေးချယ်ပြီးပါက သြဂုတ် လ ၂၀ ရက်နေ့နောက်ဆုံးထားပြီး CDF(Lautu)ထံ စာရင်းပေးပို့ပြီး အတည်ပြုချက်ရယူရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်မည့်ပုဂ္ဂိုလ်များအနေဖြင့် CDF(Lautu)နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာ ကွယ်ရေးစသည့်တို့ဆောင်ရွက်ရမည်ဖြစ်ပြီး မဖြေရှင်းနိုင်သည့်ကိစ္စရပ်များအား CDF(Lautu)ထံ တင်ပြရမည်ဖြစ်သည်။

CDF(Lautu)သည် ချင်းအမျိုးသားတပ်မတော် CNA ၏လမ်းညွှန်မှုကိုခံယူပြီး CDFs NuG/PDF များနှင့် တိုင်းရင်းသား ညီနောင်များနှင့်အတူ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။