Connect with us

Hi, what are you looking for?

News

ဖယ်ခုံနှင့်ပင်​လောင်းကြားတွင် စစ်​ကောင်စီတပ်နှင့် PDFတို့ ၁၁နာရီကြာ တိုက်ပွဲဖြစ်၊ စစ်​ကောင်စီဘက်မှ​သေဆုံးမှုများဟုဆို

စစ်​ကောင်စီဘက်က အကျအဆုံးများ၍ ​အောင်ပန်းဘက်မှ စစ်ကူများ​ထပ်ခေါ်ထားသည့်သတင်းကြားရသည်ဟု PDFက ဆိုသည်။

ဖယ်ခုံနှင့် ပင်​လောင်းမြို့နယ်ကြားတွင် သြဂုတ်၁၄ရက်က စစ်​ကောင်စီတပ်နှင့် အချိန်၁၁နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား​သေဆုံးမှုများပြားနိုင်​ကြောင်း ဖယ်ခုံ PDFက ယ​နေ့ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲအတွင်း PDF ရဲ​ဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
ပင်​လောင်းဘက်မှလာ​သော စစ်​ကောင်စီ၏ စစ်​ကြောင်းများနှင့် PNO များက ဖယ်ခုံမြို့နယ်ရှိ PDFတပ်များကို ဝင်​ရောက်ကျူး​ကျော်ရန်မူပြီး စတင်တိုက်ခိုက်ခြင်း​ကြောင်းဟု ​ဖော်ပြထားသည်။

စစ်​ကောင်စီဘက်က အကျအဆုံးများ၍ ​အောင်ပန်းဘက်မှ စစ်ကူများ​ထပ်ခေါ်ထားသည့်သတင်းကြားရသည်ဟု PDFက ဆိုသည်။

အဆိုပါတိုက်ပွဲကို ဖယ်ခုံPDFနှင့်အတူ PDF-DMO၊MBPDF၊KAနှင့် KNDFတို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထပ်မံ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ