Connect with us

Hi, what are you looking for?

News

ပင်လောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးနှင့် PNOဘက်မှခြောက်ဦးထက်မနည်းသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်မှ ခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များနှင့်၎င်းတို့၏လက်ပါးစေ PNOတပ်များကို အဆုံးတိုင်တိုက်ခိုက်သွားမည်ဟု KNDFသတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်မှ ခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

သြဂုတ်၁၄ရက်က ပင်လောင်းမြို့နယ် ပင်ပုံနှင့် လယ်ဟွဲကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှငါးဉီးကျဆုံးခဲ့ပြီး၊ PNO ဘက်မှခြောက်ဉီး ထက်မနည်း ကျဆုံးမှုများရှိခဲ့သည်ဟု ထုတ်ပြန်သည်။ ထိုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့မှ ဖယ်ခုံမြို့နယ်သို့ စစ်ကား ၃၅ စီးဖြင့် အင်အားဖြည့်တင်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PNO တပ်များသည် သြဂုတ်၁၄ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ပင်ပုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲလျက်ရှိပြီး ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် အရှ့ဘက်ခြမ်းတွင်ရှိသော ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိရာ သြဂုတ်၁၃ ရက်တွင် ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်တို့နှင့် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိစစ်ရေးတင်းမာလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျေးရွာနေပြည်သူအချို့ကို ဖမ်းစီးနှိပ်စက်ခြင်း၊ လမ်းပြအဖြစ် အတင်းအဓမ္မစေခိုင်းခြင်းများပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

KNDF အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ ပြည်သူများကို အကြမ်းဖက်နှိပ်စက်နေသော စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်ပါးစေ PNO တပ်များကို အဆုံးတိုင်တိုက်ခိုက်သွားမည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။