Connect with us

Hi, what are you looking for?

News

ကချင်ဒေသ၌ စစ်​ကောင်စီက ထိုးစစ်ဆင်ရန်လုပ်ကြံပုံဖော်နေဟု KIA တာဝန်ရှိသူသုံးသပ်

ဩဂုတ် ၁၄ရက်က ခလရ(၅၈)တပ်ရင်းအနီးရှိ ကျေးရွာများမှ ဒေသခံများအား ရွှေ့ပြောင်းခိုင်းခြင်း၊ ဩဂုတ်လ ၁ရက်နေ့မှစ၍ နေ့စဉ်လိုလို ခလရ(၅၈) တပ်ရင်းမှ ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ဒေသခံများ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည်။

(ဝိုင်း​မော်မြို့နယ် မဒိန်​​ကျေးရွာ​ဒေသခံများက ​နေရပ်စွန့်ခွာတိမ်း​ရှောင်​နေသည်ကို သြဂုတ် ၁၄ရက်က ​တွေ့ရစဥ်)

၀ိုင်းမော်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၅၈)က ဒေသခံများအား ရွှေ့ပြောင်းခိုင်းခြင်း၊ နေ့တိုင်း တစ်ဖတ်သတ်ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းက ထိုးစစ်ဆင်မှုလုပ်ဆောင်ရန် ပုံဖော်နေခြင်းဖြစ်ကြောင်း ကချင် လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့်ပြန်ကြား ဝိရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောကြားသည်။

ဩဂုတ် ၁၄ရက်က ခလရ(၅၈)တပ်ရင်းအနီးရှိ ကျေးရွာများမှ ဒေသခံများအား ရွှေ့ပြောင်းခိုင်းခြင်း၊ ဩဂုတ်လ ၁ရက်နေ့မှစ၍ နေ့စဉ်လိုလို ခလရ(၅၈) တပ်ရင်းမှ ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ဒေသခံများ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ခလရ (၅၈) တပ်ရင်း ပတ်ဝန်းကျင်ရှိ ဒေသခံများကို ဩဂုတ် ၂၆ရက် နောက်ဆုံးထား ရွှေ့ရန်နှင့် တိုက်ပွဲများ ရှိမည်ဟု စစ်ကောင်စီတပ်က ပြောဆိုရွှေ့ခိုင်းသည်ဟု ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“၅၈တပ်ရင်းတွေကဘာကြောင့်လဲမသိဘူး နေ့စဉ်နဲ့အမျှ နေ့ရောညပါ တိုက်ပွဲတွေဆင်နွှဲနေတာ။ ဒါက သူတို့ ဘာသာသူတို့ ပုံဖော်ပြီး တိုက်ပွဲတွေလုပ် နောက်ပိုင်းကျရင်တော့ KIAကို စစ်ဆင်ရေးများလုပ်မလား သုံးသပ်မိ တာပေါ့ကွာ။ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ကို KIAက လာပစ်တယ်ဆိုပြီးမှ အကြောင်းပြပြီးမှ တစ်နေရာရာမှာ သူတို့က စစ်ဆင်ရေးများလုပ်မလားလို့ ဒါသုံးသပ်ကြည့်တာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဒေသခံများအား ဖယ်ခိုင်းခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းသည် ဇူလိုင် ၂၉ရက်က KIAက ခလရ(၅၈)ကို ဝင်တိုက်စဉ်စစ်ကောင်စီအရာရှိ ပိုင်းမှ ထိခိုက်မှု ရှိခဲ့ခြင်းကြောင့်ဟု သိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“တပ်ရင်း ၅၈ကဟာက အရင် ဇူလိုင် ၂၉ရက်နေ့ဖြစ်တဲ့ဟာက သူတို့ဘက်က အကောင်ကြီးကြီးတွေ ပါသွားတယ်လို့ပြောတယ်။ အဲဒါကြောင့် တော်တော်လေးကို ခါးခါးသီးသီးဖြစ်သွားတာ ။ အဲဒါကြောင့် သူတို့က လူထုထိရင်လည်းထိဆိုပြီးမှ ပစ်တဲ့သဘောမျိုးပဲ။ အကောင်ကြီးကြီးဆိုတာ ဘယ်အဆင့်လောက်လဲတော့မသိဘူး နယ်မြေခံတပ်က တပ်ရင်းမှူးကအကြီးဆုံးပဲ၊ တပ်ရင်းမှူးထက် ကြီးတာပါသွားတဲ့သဘော” ဟု ကချင်ဒေသခံက ပြောသည်။

လူထုကို ပစ်မှတ်ထား တိုက်ခိုက်ပါက KIAအနေဖြင့် လက်ခံမည်မဟုတ်ဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံက ပြောသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလလယ်ခန့်တွင် ပြည်သူလူထုကို ထိရောက်အောင်မလုပ်ရန် သတိပေးသည့် စာထုတ်ပြန်ခဲ့ရာ စစ်ကောင်စီက မလိုက်နာဘဲပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့၍ မတ်လမှစ၍ KIA က စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook