Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီချုပ်အမတ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၆ဦးထပ်မံကျဆုံး၍ ကျဆုံးခဲ့သည့်ပြည်သူစုစုပေါင်း ၉၉၈ဦးရှိပြီဟု အေအေပီပီထုတ်ပြန်

ပဲခူးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ကျဆုံးခဲ့သည့်ပြည်သူ ၂၆ဦးထပ်မံတိုး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူစုစုပေါင်း ၉၉၈ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

သြဂုတ်၁၆ရက်က ကျဆုံးသွားခဲ့သည့် ပဲခူးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ထားဝယ်မြို့နယ်၊ ပဲခူးမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့်ကနီမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ ၂၆ ဦး၏ အချက်အလက်များကို ယနေ့တွင် ကောက်ယူရရှိနိုင်ခဲ့သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၁၆ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၁၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄)ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဟု ထုတ်ပြန်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ပဲခူးအကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ပဲခူးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးညွန့်ရွှေသည် အကျဉ်းထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံခဲ့ရပြီး ပဲခူးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်အစောပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် အရပ်သားတစ်ဦးဖြစ်သူ ကိုအောင်ယုသည် သြဂုတ် ၁၁ ရက်ညက ဖမ်းဆီးခြင်းခံခဲ့ရပြီး သုံးရက်အကြာ သြဂုတ်၁၄ ရက်တွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ ဇနီးဖြစ်သူအား ကိုဗစ်-၁၉ ကူးစက်ခြင်းခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ပြီဟုဆိုသော်လည်း ဇနီးဖြစ်သူမှ ခင်ပွန်းတွင် ကိုဗစ်-၁၉ ကူးစက်ခြင်းမခံထားရကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သြဂုတ်၁၄ ရက်ညအချိန်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် စစ်သားများ ကင်းလှည့်လာသည့် အချိန်၌ ဈေးဆိုင်ရှေ့ရှိခုံတွင် ဂိမ်းကစားနေသည့် လူငယ်တစ်ဦးသည် ကြောက်လန့်၍ ရှေ့ဘက် နေအိမ်အတွင်း ဝင်ပြေးခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ထားသည့် အဆိုပါနေအိမ်ကို စစ်သားများက ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်အတွင်းရှိ အခြားလူငယ် တစ်ဦးကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကျဆုံးသွားခဲ့သည့် လူငယ်မှာ ကိုရဲထက်ကိုဖြစ်ပြီး ဘယ်ဘက် ရင်အုံကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင်သြဂုတ် ၁၃ ရက် နံနက် ၂ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အကြမ်းဖက်စစ်အုပ်စုမှ ခန့်အပ်ထားသော ညကင်းသမားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၂ နှစ်အရွယ် ပဒံကျေးရွာနေ ကိုဟန်ဇော်ထွန်း(ခ)တုတ်ပြဲမှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုဟန်ဇော်ထွန်းသည် မိခင်ဖြစ်သူ၏ နေအိမ်မှ ပြန်လာစဉ် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။