Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမာရွတ် (၃)ရပ်ကွက် စစ်​ကောင်စီသတင်း​ပေးဦးတင်လှ အသတ်ခံရ

နံနက် ၈နာရီတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့်ရဲများက ထန်းတပင်လမ်းကို ပိတ်၍စစ်​ဆေး​နေ​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင် အကြမ်းဖက်စစ်​ကောင်စီသတင်း​ပေးဆိုသူ ဦးတင်လှ ယ​နေ့(သြဂုတ်၁၇ရက်)နံနက် ၅နာရီတွင် ​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ယ​နေ့နံနက် ၅နာရီခန့်က ထန်းတပင်လမ်း၌ ​နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း အဆိုပါ ရပ်ကွက်​နေပြည်သူတစ်ဦးကပြောသည်။

၎င်းသည် ထန်းတပင်လမ်းနှင့် စေတနာသုလမ်းထောင့်အနီးရှိ ခြံအမှတ်(၁၇)တွင် ​နေထိုင်ပြီး အများက ဒလန်သတင်းပေးဟု သတ်မှတ်ထားသူဖြစ်​ကြောင်း (ကမာရွတ် KMY_INFO)က အသိ​ပေးထားသည်။

နံနက် ၈နာရီတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့်ရဲများက ထန်းတပင်လမ်းကို ပိတ်၍စစ်​ဆေး​နေ​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ထို့​ကြောင့် အခင်းဖြစ်ပွားသည့်လမ်းသို့ လာ​ရောက်ခြင်းမပြုကြလည်း (ကမာရွတ် KMY_INFO)က အသိ​ပေးထားသည်။