Connect with us

Hi, what are you looking for?

News

ကမာရွတ် (၃)ရပ်ကွက် စစ်​ကောင်စီသတင်း​ပေးဦးတင်လှ အသတ်ခံရ

နံနက် ၈နာရီတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့်ရဲများက ထန်းတပင်လမ်းကို ပိတ်၍စစ်​ဆေး​နေ​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင် အကြမ်းဖက်စစ်​ကောင်စီသတင်း​ပေးဆိုသူ ဦးတင်လှ ယ​နေ့(သြဂုတ်၁၇ရက်)နံနက် ၅နာရီတွင် ​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ယ​နေ့နံနက် ၅နာရီခန့်က ထန်းတပင်လမ်း၌ ​နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း အဆိုပါ ရပ်ကွက်​နေပြည်သူတစ်ဦးကပြောသည်။

၎င်းသည် ထန်းတပင်လမ်းနှင့် စေတနာသုလမ်းထောင့်အနီးရှိ ခြံအမှတ်(၁၇)တွင် ​နေထိုင်ပြီး အများက ဒလန်သတင်းပေးဟု သတ်မှတ်ထားသူဖြစ်​ကြောင်း (ကမာရွတ် KMY_INFO)က အသိ​ပေးထားသည်။

နံနက် ၈နာရီတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့်ရဲများက ထန်းတပင်လမ်းကို ပိတ်၍စစ်​ဆေး​နေ​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် အခင်းဖြစ်ပွားသည့်လမ်းသို့ လာ​ရောက်ခြင်းမပြုကြလည်း (ကမာရွတ် KMY_INFO)က အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။