ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်းကို ဒီနေ့ကျင်းပမယ့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအမီ အစီရင်ခံတင်ပြနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါ တယ်။
ကုလလုံခြုံရေးကောင်စီဟာ ဒီနေ့မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးကျင်းပဖို့ ရှိနေပြီး အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကနီမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ NUG က အထူးအစီရင်ခံစာ တင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
“ကုလလုံခြုံရေးကောင်စီက ဒီနေ့ကျင်းပမဲ့ မြန်မာနိုင်ငံအထူးအစည်းအဝေးအမီ ကနီဒေသမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်း အထူးအစီရင် ခံစာကို တင်ပြနိုင်ခဲ့ပါပြီ။ အ ခက်အခဲအမျိုးမျိုးကြားက သတင်းတွေ တင်ပြခဲ့တဲ့ မြေပြင်က ပြည်သူများနဲ့ ပါဝင်ကူညီခဲ့တဲ့အဖွဲ့များအားလုံးကို ကျေးဇူးပါ” လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ အထူးအစီရင်ခံစာမှာ ကနီမြို့နယ်အတွင်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်ရပ် လေးခုပါဝင်ပြီး အဲဒီလေးခုမှာ အမျိုးသား ၅၄ ဦးရဲ့ ရုပ် အလောင်းတွေ့ရှိမှုတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစလို့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အမျိုးသားတွေကို သတ်ဖြတ်ခဲ့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံ ခဲ့ပါတယ်။