Connect with us

Hi, what are you looking for?

News

ကနီမှာ အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ကုလလုံခြုံရေးကောင်စီအစည်းအဝေးမတိုင်မီ NUG တင်ပြ

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ အထူးအစီရင်ခံစာမှာ ကနီမြို့နယ်အတွင်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်ရပ် လေးခုပါဝင်ပြီး အဲဒီလေးခုမှာ အမျိုးသား ၅၄ ဦးရဲ့ ရုပ် အလောင်းတွေ့ရှိမှုတွေဖြစ်ပါတယ်။

ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်းကို ဒီနေ့ကျင်းပမယ့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအမီ အစီရင်ခံတင်ပြနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါ တယ်။

ကုလလုံခြုံရေးကောင်စီဟာ ဒီနေ့မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးကျင်းပဖို့ ရှိနေပြီး အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကနီမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ NUG က အထူးအစီရင်ခံစာ တင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

“ကုလလုံခြုံ​ရေး​ကောင်စီက ဒီ​နေ့ကျင်းပမဲ့ မြန်မာနိုင်ငံအထူးအစည်းအ​ဝေးအမီ ကနီ​ဒေသမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု​တွေအ​ကြောင်း အထူးအစီရင် ခံစာကို တင်ပြနိုင်ခဲ့ပါပြီ။ အ ခက်အခဲအမျိုးမျိုးကြားက သတင်း​တွေ တင်ပြခဲ့တဲ့ ​မြေပြင်က ပြည်သူများနဲ့ ပါဝင်ကူညီခဲ့တဲ့အဖွဲ့များအားလုံးကို ကျေးဇူးပါ” လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ အထူးအစီရင်ခံစာမှာ ကနီမြို့နယ်အတွင်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်ရပ် လေးခုပါဝင်ပြီး အဲဒီလေးခုမှာ အမျိုးသား ၅၄ ဦးရဲ့ ရုပ် အလောင်းတွေ့ရှိမှုတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစလို့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အမျိုးသားတွေကို သတ်ဖြတ်ခဲ့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံ ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook