Connect with us

Hi, what are you looking for?

News

မဲ​ဆောက်မှာ မြန်မာ​ရွေ့​​ပြောင်းလုပ်သား​တွေကို ကိုဗစ်ကာကွယ်​ဆေးထိုး​ပေး

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ Robinson ကုန်တိုက်၀န်းထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေတာပါ။

မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ရောဂါ တတိယလှိုင်းမှာ ကူးစက်ခံရသူတိုးမြင့်လာပြီး ထိုင်းနိုင်ငံသားအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေပါ ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားနေပြီး သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ထိုးဖို့ စီစဉ်ခဲ့တာလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

Facebook