Connect with us

Hi, what are you looking for?

News

မဲ​ဆောက်မှာ မြန်မာ​ရွေ့​​ပြောင်းလုပ်သား​တွေကို ကိုဗစ်ကာကွယ်​ဆေးထိုး​ပေး

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ Robinson ကုန်တိုက်၀န်းထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေတာပါ။

မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ရောဂါ တတိယလှိုင်းမှာ ကူးစက်ခံရသူတိုးမြင့်လာပြီး ထိုင်းနိုင်ငံသားအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေပါ ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားနေပြီး သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ထိုးဖို့ စီစဉ်ခဲ့တာလို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)