Connect with us

Hi, what are you looking for?

LuduNwayOo

News

၀ိုင်းမော်နှင့် မြစ်ကြီးနားတွင် ယနေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားနေဟု ဒေသခံပြော

လှန် ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်ခြင်းဟုတ်မဟုတ်ကိုမူ မသိရသေးဟု ၎င်း ကဆိုသည်။

People's Spring
People's Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၃၇)နှင့် ၀ိုင်းမော်မြို့နယ်အခြေစိုက် ခလရ(၅၈) တပ်တို့မှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ ယနေ့ညပိုင်း၌ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ၅၈ တပ်ရော ဒီဘက် ခလရ ၃၇ရော။ ဖြစ်တာက ၈နာရီ ၄၀ ပတ်ဝန်းကျင်လောက်မှာ။ အခုထိ အသံတွေကြားနေရတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော သေနတ်သံတွေ တရစပ်ပဲ ဝါးမီးရှို့သလို ဖောင်းဖောင်းဖောင်းနဲ့ ဆက်တိုက်ပဲ” ဟု ဒေသခံက ပြောသည်။

ပစ်ခတ်မှုများသည် အပြန်အလှန် ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်ခြင်းဟုတ်မဟုတ်ကိုမူ မသိရသေးဟု ၎င်း ကဆိုသည်။

၀ိုင်းမော်မြို့နယ်ရှိ ခလရ(၅၈)ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဇူလိုင် ၂၉ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်း ခလရ(၅၈) တပ်ရင်းအနေဖြင့် နောက်နေ့များ၌ပင် ပစ်ခတ်မှုများ တစ်ဖက်သတ်ပြုလုပ်ခဲ့ကြောင်း KIAက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရင်းအနေဖြင့် ၎င်းတပ်နှင့်အနီးတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများကိုလည်း ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း ဒေသခံက ပြောသည်။ စစ်ကောင်စီအနေဖြင့် KIAကို ထိုးစစ်ဆင်လို၍ တစ်ဖက်သတ်တိုက်ပွဲများ လုပ်ဆောင်နေသည်ဟု သုံးသပ်နိုင်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။