Connect with us

Hi, what are you looking for?

News

၀ိုင်းမော်နှင့် မြစ်ကြီးနားတွင် ယနေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားနေဟု ဒေသခံပြော

လှန် ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်ခြင်းဟုတ်မဟုတ်ကိုမူ မသိရသေးဟု ၎င်း ကဆိုသည်။

People's Spring
People's Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၃၇)နှင့် ၀ိုင်းမော်မြို့နယ်အခြေစိုက် ခလရ(၅၈) တပ်တို့မှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ ယနေ့ညပိုင်း၌ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ၅၈ တပ်ရော ဒီဘက် ခလရ ၃၇ရော။ ဖြစ်တာက ၈နာရီ ၄၀ ပတ်ဝန်းကျင်လောက်မှာ။ အခုထိ အသံတွေကြားနေရတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော သေနတ်သံတွေ တရစပ်ပဲ ဝါးမီးရှို့သလို ဖောင်းဖောင်းဖောင်းနဲ့ ဆက်တိုက်ပဲ” ဟု ဒေသခံက ပြောသည်။

ပစ်ခတ်မှုများသည် အပြန်အလှန် ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်ခြင်းဟုတ်မဟုတ်ကိုမူ မသိရသေးဟု ၎င်း ကဆိုသည်။

၀ိုင်းမော်မြို့နယ်ရှိ ခလရ(၅၈)ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဇူလိုင် ၂၉ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်း ခလရ(၅၈) တပ်ရင်းအနေဖြင့် နောက်နေ့များ၌ပင် ပစ်ခတ်မှုများ တစ်ဖက်သတ်ပြုလုပ်ခဲ့ကြောင်း KIAက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရင်းအနေဖြင့် ၎င်းတပ်နှင့်အနီးတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများကိုလည်း ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း ဒေသခံက ပြောသည်။ စစ်ကောင်စီအနေဖြင့် KIAကို ထိုးစစ်ဆင်လို၍ တစ်ဖက်သတ်တိုက်ပွဲများ လုပ်ဆောင်နေသည်ဟု သုံးသပ်နိုင်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။