Connect with us

Hi, what are you looking for?

News

ရေစကြို မြို့ ရဲစခန်းအပါအဝင် စစ်​ကောင်စီရုံး ၃ ခုကို PDF ကဗုံးခွဲ

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုများလည်း ကြားလိုက်ရကြောင်း နယ်ခံများက ပြောသည်။

ပုံစာ-ရေစကြို ပခန်းကြီးနယ်မြေရဲစခန်း၊ ဓါတ်ပုံ-CJ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရဲစခန်းနှင့် ထွေအုပ်ရုံးအပါအဝင် နေရာသုံးနေရာကို ရေစကြို PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း နယ်ခံများက ပြောသည်။

သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းက ရေစကြိုမြို့ပေါ်မှာရှိသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ရုံးပေါင်းစုံစုထားသည့် မြန်မာ့စီးပွားရေးဘဏ်ဝင်းနှင့် ပခန်းကြီးနယ်မြေရဲစခန်းတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF အဖွဲ့က အသိပေးခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေမသိရသေးကြောင်း၊ ဗုံးပေါက်ကွဲမှူများ ​ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုများလည်း ကြားလိုက်ရကြောင်း နယ်ခံများက ပြောသည်။

ချောင်းဦး- မအူရွာအနီး ကျွန်းဘိုပင်ရွာ၊ ကံပွင့်ဇရပ်အနီးတွင်လ​ည်း စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာယာဥ်များအား ပိတ်ဆို့စစ်ဆေးနေကြောင်း နယ်ခံများက ပြောသည်။
ရေစကြို PDF အဖွဲ့သည် သြဂုတ်လ ၉ ရက်နေ့ကလည်း ရေစကြိုလျှပ်စစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook