Connect with us

Hi, what are you looking for?

News

မိုးထဲလေထဲက မုံရွာပင်မသပိတ်

အကြမ်းဖက်စစ်​ကောင်စီထုတ်ပြန်ထားသည့် အမိန့်များအား မလိုက်နာဘဲဖီဆန်ကြရန် မုံရွာပင်မသပိတ်စစ်​ကြောင်းက ယ​နေ့နံနက်တွင် မိုးထဲ​လေထဲ၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

‘ယနေ့ မုံရွာပင်မသပိတ်မှာ မိုးလေဒဏ်ကို အံတု၍ ထွက်ရှိချီတက်ခဲ့ကြောင်းသိရပါသည်။ မုံရွာမြို့ပေါ်တွင် မနက်ဆယ်နာရီမှ ညနေလေးနာရီအတွင်း အပြင်မထွက်ရသော အမိန့်ကို အသက်ဝင်စေရန် အတွက် မနေ့ကစ၍ ဖမ်းဆီးမှုများ စတင်လာပါသည်။ရပ်ကွက်တစ်ချို့အတွင်း ဝင်ရောက်ရှာဖွေမှုများလည်း မကြာခဏ ပြုလုပ်လျက်ရှိပြီး ၄င်းအခြေအနေများအတွင်း တော်လှန်ရေးသပိတ်ရဲဘော်များမှာ သပိတ်စစ်ကြောင်းကို ရအောင်ထွက်ရှိပြီး တွန်းလှန်ဆန့်ကျင်နေခြင်း ဖြစ်ပါသည်။’ ဟု ပြည်သူ့ မီဒီယာကွန်ယက် မုံရွာက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။