Connect with us

Hi, what are you looking for?

News

စလင်းစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရသည့် ရဲနှစ်ဦးသေဆုံး

ဩဂုတ် ၁၇ရက် နံနက်က စလင်း – မင်းဘူးလမ်းပိုင်း စလင်းအဝင်ဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

မကွေးတိုင်း စလင်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဗုံးပေါက်ကွဲ၍ ဒဏ်ရာရခဲ့သည့် စစ်ကောင်စီလက်ပါးစေ ရဲ နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံကတစ်ဦးက ပြောသည်။

ဩဂုတ် ၁၇ရက် နံနက်က စလင်း – မင်းဘူးလမ်းပိုင်း စလင်းအဝင်ဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

“ဟိုတစ်နေ့က စလင်းက သုံးယောက်စလုံးသေသွားတာ။ သုံးယောက်စလုံးသေတော့ သူတို့မိသားစုတွေကို ထောက်ပံ့ကြေးတွေပေးနေကြတယ်။စစ်ဆေးရေးဂိတ်ကတော့ ဘာမှမရှိတော့ဘူး။ လောလောဆယ် အဲဒီဂိတ်က ယာယီပျက်သွားတာပေါ့” ဟု ဒေသခံက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် ပြင်းထန်ခဲ့၍ စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံနှင့် သဲအိတ်များပါ ပျက်စီးမှုများပြားခဲ့သည်။ ယင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုခြင်းကို သတင်းထုတ်ပြန်မှု မတွေ့ရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။