Connect with us

Hi, what are you looking for?

News

စလင်းစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရသည့် ရဲနှစ်ဦးသေဆုံး

ဩဂုတ် ၁၇ရက် နံနက်က စလင်း – မင်းဘူးလမ်းပိုင်း စလင်းအဝင်ဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

မကွေးတိုင်း စလင်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဗုံးပေါက်ကွဲ၍ ဒဏ်ရာရခဲ့သည့် စစ်ကောင်စီလက်ပါးစေ ရဲ နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံကတစ်ဦးက ပြောသည်။

ဩဂုတ် ၁၇ရက် နံနက်က စလင်း – မင်းဘူးလမ်းပိုင်း စလင်းအဝင်ဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

“ဟိုတစ်နေ့က စလင်းက သုံးယောက်စလုံးသေသွားတာ။ သုံးယောက်စလုံးသေတော့ သူတို့မိသားစုတွေကို ထောက်ပံ့ကြေးတွေပေးနေကြတယ်။စစ်ဆေးရေးဂိတ်ကတော့ ဘာမှမရှိတော့ဘူး။ လောလောဆယ် အဲဒီဂိတ်က ယာယီပျက်သွားတာပေါ့” ဟု ဒေသခံက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် ပြင်းထန်ခဲ့၍ စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံနှင့် သဲအိတ်များပါ ပျက်စီးမှုများပြားခဲ့သည်။ ယင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုခြင်းကို သတင်းထုတ်ပြန်မှု မတွေ့ရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။