Connect with us

Hi, what are you looking for?

News

လသာနှင့်လှိုင်သာယာမြို့နယ် ရဲစခန်းအနီး ဗုံးပေါက်ကွဲ

“လသာရဲစခန်းနားက အထုပ်မဲကနေတစ်ဆင့် ပေါက်တာလို့ သိရပါတယ်။ လာပစ်တဲ့ကားကို စစ်သားတွေ လိုက်ပစ်လို့ ပစ်ခတ်သံတွေပါကြားရတာပါ။ ထိခိုက်မှုရှိ မရှိကိုတော့ အတည်မပြုနိုင်ပါဘူး”

(လှိုင်သာယာမြို့နယ်ရဲစခန်းအနီးပေါက်ကွဲမှုကြောင့် ကားတစ်စီးမီးလောင်နေစဥ်)

ရန်ကုန်မြို့ လသာမြို့နယ်ရဲစခန်းနှင့် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမြို့မရဲစခန်း အနီး ယနေ့ည ၇နာရီခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လှိုင်သာယာရဲစခန်းရှေ့တွင် ရပ်ထားသည့် ကားတစ်စီးမီးလောင်ခဲ့ကြောင်း အဆိုပါမြို့နယ်ရှိ ပြည်သူတစ်ဦးက ပြောသည်။

“လှိုင်သာယာ ရဲစခန်းရှေ့မှာ ဗုံးကပေါက်တာပါ။ ရဲစခန်းနားမှာ ထိန်းသိမ်းထားတဲ့ ကားတစ်စီးပေါက်ကွဲသွားပါတယ်။ အခြားထိခိုက်မှုတော့ မသိရသေးပါဘူး။ အခုတော့ စစ်ဆေးမှုတွေ လုပ်နေကြပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် လသာရဲစခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အပြင် သေနတ်ပစ်ခေတ်သံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“လသာရဲစခန်းနားက အထုပ်မဲကနေတစ်ဆင့် ပေါက်တာလို့ သိရပါတယ်။ လာပစ်တဲ့ကားကို စစ်သားတွေ လိုက်ပစ်လို့ ပစ်ခတ်သံတွေပါကြားရတာပါ။ ထိခိုက်မှုရှိ မရှိကိုတော့ အတည်မပြုနိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။