Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်မှန်သမျှမချုပ်ငြိမ်းမချင်း တော်လှန်ရေးကို ရပ်တန့်မှာမဟုတ်ဘူးလို့ မွန်လူငယ်အင်အားစု ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပိုမိုအလှမ်း ဝေးသွားစေတယ်လို့ မွန်လူငယ် အင်အားစုက ဆိုပါတယ်။

အာဏာရှင်မှန်သမျှနဲ့ စစ်အာဏာရှင်စနစ်ကို အုပ်ချုပ်မခံတဲ့ အခြားတိုင်းရင်းသားအင်အားစု တွေနဲ့အတူ တော်လှန်ဖို့ မွန်တိုင်းရင်းသားလုံးကို မွန်လူငယ်အင်အားစုက တိုက်တွန်းနှိုးဆော်ပါတယ်။

ဒီနေ့ကျရောက်တဲ့ (၇၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့ကို ‘အာဏာရှင်ဟူသမျှ တော်လှန်သော မွန်လူငယ်အင်အားစု’ က ကြိုဆိုကြောင်းနဲ့ မွန်တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ပြီး ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျဆုံးလေပြီးသော မွန်ခေါင်းဆောင်များ၊ ရဲဘော်များ၊ ပြည်သူများနဲ့ ဆက်လက်တိုက်ပွဲဝင်နေသူအားလုံးကို အလေးပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပိုမိုအလှမ်း ဝေးသွားစေတယ်လို့ မွန်လူငယ် အင်အားစုက ဆိုပါတယ်။

ဗမာစစ်တပ်ဟာ သူတို့တပ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်ကိုသာ ဦးထိပ်ထားပြီး စစ်အာဏာ ရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ် မီးနဲ့ နိုင်ငံရေးပဋိပက္ခကို သက်ဆိုးရှည်စေရုံသာမက နိုင်ငံရဲ့အကျိုးစီးပွားအတွက် လုံး၀ အထောက်အကူမဖြစ်ကြောင်းကို သမိုင်းအဆက်ဆက်တွေ့မြင်ခံစားခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မွန်လူငယ်တွေဟာ မွန်တော်လှန်ရေး အင်အားဖြစ်တာကြောင့် မိမိတို့ ကျွမ်းကျင်ရာ အခန်းကဏ္ဍ ကနေ အာဏာရှင်တွေကို တွန်းလှန်တိုက်ပွဲဝင်ဖို့၊ မွန်လူငယ်တွေဟာ အမြင်သဘောထားနဲ့ တော် လှန်ရေးရပ်တည်ချက်တွေ ကွဲပြားပေမယ့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းမချင်း တော်လှန်ရေးကို ရပ်တန့်သွားမှာမဟုတ်ဘဲ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ မွန် ပြည်သူတွေနဲ့အတူ မွန်လူငယ်အင်အားစုက အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။