Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြင်ဦးလွင်မြို့တွင်လည်း ​နေ့မထွက်ရအမိန့်ထုတ်

“မန္တလေးလို လုပ်တော့မယ့်သဘောပဲ။ လူတွေလည်း ဘယ်လိုရှာစားရမလဲမသိတော့ဘူး။ ဘဏ်သွားဖို့တွေအလုပ်သွားဖို့တွေကအစ အကုန်ဒုက္ခရောက်တော့မယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

တပ်မြို့တော်ဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက မနက်ဖြန် သြဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း နေ့မထွက်ရအမိန့်ထုတ်ပြန်ကာ တင်းကြပ်လိုက်ကြောင်းမြို့ခံများက ပြောသည်။

ပြင်ဦးလွင်မြို့နယ်တွင် ပြင်ပထွက်စျေးဝယ်ခွင့်အား နံနက် ၄နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ ညနေစျေးဝယ်ခွင့်အား ညနေ ၃ နာရီမှ ၇ နာရီအထိလည်းကောင်း၊ အဆိုပါ သက်မှတ်ထားသော အချိန်အတွင်းသာ ပြင်ပထွက်စျေးဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယနေ့မွန်းလွဲပိုင်းတွင် ကားဖြင့်လှည့်လည်ကြေညာသွားကြောင်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

သွားလာရာတွင်လည်း ခွင့်ပြုကတ်များဖြင့်သာ သွားလာရမည်ဖြစ်ပြီး မပါရှိပါက ထိရောက်ပြင်းထန်စွာ အရေး ယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

“မန္တလေးလို လုပ်တော့မယ့်သဘောပဲ။ လူတွေလည်း ဘယ်လိုရှာစားရမလဲမသိတော့ဘူး။ ဘဏ်သွားဖို့တွေအလုပ်သွားဖို့တွေကအစ အကုန်ဒုက္ခရောက်တော့မယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည်လကတည်းက ​အိမ်တစ်အိမ်လျှင်​စျေးဝယ်ကတ်တစ်ကတ် ထုတ်​ပေးထားပြီး ​အဆိုပါကတ်ဖြင့်သာ အပြင်သို့သွားလာခွင့်​ပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် မန္တလေး၊ မုံရွာ၊ မြင်းခြံ အစရှိသည့် မြို့များတွင် နေ့မထွက်ရအမိန့်ထုတ်ပြန်ကာ တင်းကြပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

သတင်း

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ဆောင်းပါး

DSTA တက္ကသိုလ်အား တိုက်ခိုက်ခံရမည်စိုးရိမ်၍ အဆိုပါကျောင်းရှိ ဝန်ထမ်းမိသားစုအချို့မှာ ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

သတင်း

လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။