Connect with us

Hi, what are you looking for?

News

ပြင်ဦးလွင်မြို့တွင်လည်း ​နေ့မထွက်ရအမိန့်ထုတ်

“မန္တလေးလို လုပ်တော့မယ့်သဘောပဲ။ လူတွေလည်း ဘယ်လိုရှာစားရမလဲမသိတော့ဘူး။ ဘဏ်သွားဖို့တွေအလုပ်သွားဖို့တွေကအစ အကုန်ဒုက္ခရောက်တော့မယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

တပ်မြို့တော်ဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက မနက်ဖြန် သြဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း နေ့မထွက်ရအမိန့်ထုတ်ပြန်ကာ တင်းကြပ်လိုက်ကြောင်းမြို့ခံများက ပြောသည်။

ပြင်ဦးလွင်မြို့နယ်တွင် ပြင်ပထွက်စျေးဝယ်ခွင့်အား နံနက် ၄နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ ညနေစျေးဝယ်ခွင့်အား ညနေ ၃ နာရီမှ ၇ နာရီအထိလည်းကောင်း၊ အဆိုပါ သက်မှတ်ထားသော အချိန်အတွင်းသာ ပြင်ပထွက်စျေးဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယနေ့မွန်းလွဲပိုင်းတွင် ကားဖြင့်လှည့်လည်ကြေညာသွားကြောင်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

သွားလာရာတွင်လည်း ခွင့်ပြုကတ်များဖြင့်သာ သွားလာရမည်ဖြစ်ပြီး မပါရှိပါက ထိရောက်ပြင်းထန်စွာ အရေး ယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

“မန္တလေးလို လုပ်တော့မယ့်သဘောပဲ။ လူတွေလည်း ဘယ်လိုရှာစားရမလဲမသိတော့ဘူး။ ဘဏ်သွားဖို့တွေအလုပ်သွားဖို့တွေကအစ အကုန်ဒုက္ခရောက်တော့မယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည်လကတည်းက ​အိမ်တစ်အိမ်လျှင်​စျေးဝယ်ကတ်တစ်ကတ် ထုတ်​ပေးထားပြီး ​အဆိုပါကတ်ဖြင့်သာ အပြင်သို့သွားလာခွင့်​ပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် မန္တလေး၊ မုံရွာ၊ မြင်းခြံ အစရှိသည့် မြို့များတွင် နေ့မထွက်ရအမိန့်ထုတ်ပြန်ကာ တင်းကြပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

သတင်း

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။