ဒီမိုကရေစီအရေးတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာကြီးနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီရမယ်လို့ အမေရိကန်ဒုတိယသမ္မတခါမလာဟာရစ်က ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဒုတိယသမ္မတခါမလာဟာရစ်ရဲ့ ပထမဆုံးအာရှခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံကို မနေ့ကရောက်ရှိခဲ့ပြီး ဒီနေ့ စင်ကာပူသမ္မတအိမ်တော် The Istana မှာ ဝန်ကြီးချုပ်လီရှန်လွန်းနဲ့တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံအကျပ်အ တည်းကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ခေါင်းဆောင်နှစ်ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“ဒီနေ့တွေ့ဆုံမှုမှာ ကျွန်မနဲ့ ဝန်ကြီးချုပ်တို့ မြန်မာနိုင်ငံအကျပ်အတည်းအကြောင်းကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာကြီးနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို ကူညီရပါမယ်” လို့ အမေရိကန်ဒုတိယသမ္မတခါမလာဟာရစ်က ပြောပါတယ်။
လူ့အခွင့်အရေးနဲ့ပတ်သက်လို့လည်း ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အလေးအနက်ထားလုပ်ဆောင်သွားဖို့ ခေါင်းဆောင်နှစ်ဦးအကြား ကတိကဝတ်ပြုခဲ့ကြတယ်လို့ ခါမလာဟာရစ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။

Public Service Announcement


















































