Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီနဲ့လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဝန်ခံကတိပြုတဲ့တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များကို ‘ပြည်သူ့သားကောင်းများ’အဖြစ် အသိအမှတ်ပြုမယ်လို့ NUG ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်များအဖြစ် ရပ်တည်နေခြင်းဟာ အချုပ်အခြာအာဏာကို အလွဲသုံးစားပြုခြင်း၊ ပြည်သူကို ပုန်ကန်ခြင်းဖြစ်တာကြောင့် ပြည်သူရဲ့ အရေးယူဒဏ်ခတ်မှုကို မလွဲမသွေခံယူကြရမှာကို လေးလေးနက်နက် သတိပြုအပ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ဝန်ခံကတိပြုတဲ့ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များကို ‘ပြည်သူ့သားကောင်းများ’အဖြစ်အသိအမှတ်ပြုမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ထုတ်ပြန်ပါတယ်။

လက်ရှိ အခြေအနေမှာ စစ်ကောင်စီရဲ့အမိန့်အာဏာကို မလွန်ဆန်နိုင်လို့ စစ်ကောင်စီ လက်အောက်မှာ ဆက်လက်ရပ်တည်နေတဲ့ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်နှင့်လက်ကိုင်တုတ်အဖြစ် ဆက်လက်ရပ်တည်မယ့် အစား အမှန်တရားနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံရပ်တည်ဖို့ လိုအပ်လာတယ်လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်များအဖြစ် ရပ်တည်နေခြင်းဟာ အချုပ်အခြာအာဏာကို အလွဲသုံးစားပြုခြင်း၊ ပြည်သူကို ပုန်ကန်ခြင်းဖြစ်တာကြောင့် ပြည်သူရဲ့ အရေးယူဒဏ်ခတ်မှုကို မလွဲမသွေခံယူကြရမှာကို လေးလေးနက်နက် သတိပြုအပ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကာ ပြည်သူနဲ့ပူးပေါင်းမယ့် တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့များရဲ့ ရပ်တည် ချက်မှန်ကန်မှု၊ ဉာဏ်အမြှော်အမြင်ရှိမှုကို လေးစားအသိအမှတ်ပြုပြီး သူတို့အတွက် လိုအပ်တဲ့ တာဝန်ယူမှု၊ ကူညီစောင့်ရှောက်မှုတွေ ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ မူဝါဒ ၅ ရပ်ချမှတ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မူဝါဒ ၅ ရပ်မှာ …

(က) တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် လမ်းခွဲလျက် ပြည်သူ့ရင်ခွင် ခိုလှုံရန် ဝန်ခံကတိပြုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား “ပြည်သူ့သားကောင်းများ”အဖြစ် အသိအမှတ်ပြုမည်။

(ခ) ၎င်းတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်သက်၊ ရာထူး နှင့် ပင်စင်တို့အား အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်တာဝန်ယူမည်။

(ဂ) ၎င်းတို့ လတ်တလောလိုအပ်သော အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနှင့် ဘဝရပ်တည်မှုတို့ကို အာမခံနိုင်သော ကူညီစောင့်ရှောက်မည့်အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်။

(ဃ) ပြည်သူ့ရင်ခွင်ခိုလှုံမည့် တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခြင်း၊ ဒဏ် ခတ်အရေးယူခြင်း မပြုလုပ်ရန် “ပြည်သူ့ကာကွယ်‌ရေးတပ်မတော်” ကိုလည်းကောင်း၊ မဟာမိတ်များကို လည်းကောင်း၊ ပြည်သူများကိုလည်းကောင်း အသိပေးညှိုနှိုင်း အကြောင်းကြားထားမည်။

(င) အဆိုပါ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များသည် အသစ်ပြန်လည် ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့် ရဲတပ်ဖွဲ့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင် ပူးပေါင်းနိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိမည်။ … တို့ဖြစ်ပါတယ်။

အဲဒီမူဝါဒတွေနဲ့အညီ လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ကြိုဆိုလက်ခံရေးနဲ့ တပ်များ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်တဲ့ အထူးကော်မတီတစ်ရပ်ကို အမျိုး သားညီညွတ်ရေးအစိုးရက ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။