Connect with us

Hi, what are you looking for?

News

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်၍ စစ်ကောင်စီတပ်ယာဥ်တန်းမှ ၃၀ ဦးကျော်သေ ၊၁၅ ဦးဒဏ်ရာရ

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ သည် ဂန်ဂေါ-ကလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ယာဥ်တန်းများကို ယခုလပိုင်းအတွင်းမကြာခဏ တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဆယ်နှင့်ချီ သေဆုံးလျှက်ရှိသည်။

ဂန့်ဂေါ -ကလေးလမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဥ်တန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) က ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးကျော်သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း YDF ကသတင်းထုတ်ပြန်သည်။

“ဂန့်ဂေါ-ကလေးလမ်းမပေါ်တွင် စစ်ကိုင်းတိုင်း သို့ အင်အားဖြည့်တင်းရန် ဖြတ်သန်းရောက်ရှိလာသော အကြမ်းဖက်စစ်အုပ်စု၏ ယာဉ်တန်းကို မိမိတို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ၏ တပ်သား ၁၆ ဦးမှ လောင်ချာ ၂ ချက်၊ မိုင်းအကြီး ၃ လုံး၊ ဂတ်စ်ဂန်းအာပီဂျီ ၂ ချက် ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကား ၈ စီး အနက် ပထမတစ်စီးမှာဘေးတိုက်လဲကျသွား၍တတိယနှင့်စတုတ္ထကားမှာလည်းပျက်စီးသွားခဲ့ပြီးစုစုပေါင်းစစ်ကား ၃ စီး ထိခိုက်ပျက်စီးသွားခဲ့ပါသည်။စုစုပေါင်း စစ်ကား ၃ စီး ထိခိုက်ပျက်စီးသွားပြီး ရန်သူဘက်မှ သေဆုံးသူ ၃၀ ကျော် နှင့် ဒဏ်ရာရရှိသူ ၁၅ ဦး ဝန်းကျင် ရှိခဲ့သည်”
ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အာပီဂျီဖြင့်ရမ်းသန်းပစ်ခတ်သော် ယောဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိ့ခိုက်မှုမရှိကြောင်းလည်းပါရှိသည်။ ထိုအပြင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) အနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီကို အရယူပေးရန် အကြမ်းဖက်စစ်ကောင်စီ ပျက်သုဉ်း သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လည်းသတင်းထုတ်ပြန်ထားသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ သည် ဂန်ဂေါ-ကလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ယာဥ်တန်းများကို ယခုလပိုင်းအတွင်းမကြာခဏ တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဆယ်နှင့်ချီ သေဆုံးလျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။