Connect with us

Hi, what are you looking for?

News

ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအရေးမှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရှိနေမယ်လို့ အမေရိကန်ပြော

ကျူးလွန်ခံရသူတွေကို အမေရိကန်က အမှတ်ရနေပြီး သူတို့အတွက် တရားမျှတမှုရှာဖွေရေး၊ ရက်စက်ယုတ်မာမှု တွေနဲ့ အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံနိုင်ရေး ထပ် လောင်း ကတိပြုတယ်လို့ဆိုပါတယ်။

People's Spring
People's Spring

ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရှိနေမယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ မျိုးနွယ်စုရှင်းလင်းခြင်း(Ethnic Cleansing) ၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု၊ အရေးပေါ်လူသားချင်းစာနာမှုအကူအညီ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို လေးစားရေး စတာတွေကို ကူညီထောက်ပံ့ပေးဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရှိနေမယ်လို့ ထည့်သွင်းဖော်ပြပါတယ်။

လွန်ခဲ့တဲ့လေးနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ကြောက်မက်ဖွယ်မျိုး နွယ်စုရှင်းလင်းမှုကို ကျူးလွန်ခဲ့ပြီး အဲဒီနေ့က လူမဆန်တဲ့စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုဟာ နိုင်ငံတကာအသိုင်း အဝိုင်းကို ထိတ်လန့်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ ရိုဟင်ဂျာတွေအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြီးမားတဲ့လူ့အခွင့်အရေးနှိပ်စက်ကျိုးလွန် မှုတွေကို ခံစားခဲ့ရပြီး ဒီနေ့ထက်ထိလည်း အဲဒီကျူးလွန်မှုအများအပြား ဆက်လက်ရှိနေတယ်လို့ အမေရိကန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျူးလွန်ခံရသူတွေကို အမေရိကန်က အမှတ်ရနေပြီး သူတို့အတွက် တရားမျှတမှုရှာဖွေရေး၊ ရက်စက်ယုတ်မာမှု တွေနဲ့ အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံနိုင်ရေး ထပ် လောင်း ကတိပြုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ ဒီနေ့အထိ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ မျိုးနွယ်စုအဖွဲ့ဝင်တွေနဲ့ နိုင်ငံတစ်ဝန်းရှိ ဘာသာရေးအသိုင်းအဝိုင်းတွေအပေါ် ချိုးဖောက် ကျူးလွန်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

၂၀၁၇ က ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် အကြမ်းဖက်ခဲ့တဲ့ ခြေလျင်တပ်ရင်းတွေကို အာဏာသိမ်းချိန်ကစလို့ ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယိုအကြမ်းဖက်ကျူးလွန်စေခဲ့တာကို အမေရိကန်က မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့နောက်ဆက်တွဲ လူမဆန်တဲ့ဖြိုခွင်းမှုတွေဟာ ရိုဟင်ဂျာတွေအပါအဝင် နိုင်ငံတစ်ဝန်းရှိ ထိခိုက်လွယ်ပြည်သူတွေအပေါ် ပိုမိုဆိုးရွားစေခဲ့ပြီး အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူအားလုံးဆီ လူသားချင်း စာနာမှုအကူအညီ ရောက်ရှိဖို့ ဆက်လက်အလေးထားဆောင်ရွက်မယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။