Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံကို အောက်တိုဘာမှာ ပြန်ဖွင့်မယ့်ဆုံးဖြတ်ချက် ဝန်ကြီးချုပ်ပြန်ပြောင်းဖွယ်ရှိ

အဲဒီလိုပြောပြီးသိပ်မကြာခင်မှာပဲ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာပြီးတော့ နေ့စဥ်လူနာသစ်တိုးနှုန်းက တစ်ရက် နှစ်သောင်းကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာကျရင် ထိုင်းနိုင်ငံကို ဝင်ထွက်သွားလာခွင့်တွေပြန်ဖွင့်မယ်လို့ပြောထားခဲ့တဲ့စကားကို ထိုင်းဝန်ကြီးချုပ် ပရာရွတ်က ပြန်ရုပ်သိမ်းဖွယ်ရှိနေပါတယ်။

တိုင်းပြည်ကိုပြန်ဖွင့်ဖို့ ဇွန်လထဲမှာ ပြောခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုဗစ်နဲ့ နေသားတကျဖြစ်အောင်ကြိုးစားရမှာဖြစ်ပြီးတော့ အဲလိုမှမဟုတ်ရင် စီးပွားရေးထိခိုက်မှုက ကြီးမားသွားလိမ့်မယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။ အဲဒီလိုပြောတဲ့အချိန်က နိုင်ငံအဝန်း Lockdown အစီအမံတွေလည်းမရှိသေးပါဘူး။

အဲဒီလိုပြောပြီးသိပ်မကြာခင်မှာပဲ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာပြီးတော့ နေ့စဥ်လူနာသစ်တိုးနှုန်းက တစ်ရက် နှစ်သောင်းကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

” အခြေအနေတွေအရဖြစ်နိုင်ရင် အောက်တိုဘာမှာပြန်ဖွင့်မယ်လို့ ပြောခဲ့တာဖြစ်ပြီးတော့ ပြန်ဖွင့်ဖို့မဖြစ်နိုင်သေးဘူးဆိုရင်လည်း ကဏ္ဍအလိုက်ဖွင့်ရမှာပါ” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လိုအခုချိန်ပြန်ဖွင့်ခဲ့ရင်လည်း ကိုဗစ်ကူးစက်မှုတွေက မြင့်တက်နေဆဲဖြစ်လို့ ဧည့်သည်တွေသိပ်များများစားစားလာမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၉ ခုနစ်တုန်းက နိုင်ငံခြားသားဧည့်သည် သန်း ၄၀ နီးပါးလာရောက်ခဲ့တာဖြစ်ပြီးတော့ ဧည့်သည်တွေရဲ့ နိုင်ငံအတွင်းသုံးစွဲမှုက ထိုင်းဘတ် ၂ ထရီလီယံနီးပါးရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၁ မှာတော့ ခရီးသွားဝင်ရောက်မှုက အတော့်ကိုထိုးကျသွားခဲ့တာဖြစ်ပြီးတော့ ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုကို ပိတ်ထားရတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။