Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေအပေါ် ဆက်လက်စိုးရိမ်နေတယ်လို့ ကုလပြော

ကုလသမဂ္ဂဟာ သူတို့ကတိကဝတ်အတိုင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ၊ ကာကွယ်ရေးဝန်ဆောင်မှုတွေ၊ ကိုဗစ်-၁၉ နဲ့ဆက်နွယ်တဲ့အကူအညီတွေ ဆက်ပေးမယ်လို့ ထပ်လောင်း အတည်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေရဲ့ လူသားချင်းစာနာမှု အကျိုးဆက်ကို ဆက်လက်စိုးရိမ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့ကထုတ်ဖော်ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်တပ် အာဏာ သိမ်းချိန်ကစလို့ မြန်မာပြည်သူ နှစ်သိန်းခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး မုတ်သုံရာသီရေကြီးမှုရဲ့ အကျိုးဆက်ကြောင့် အခြေအနေဟာ ပိုမိုဆိုးရွားလာနေ တယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ နီနိုမာတီနက်ဇ်က ပြောပါတယ်။

အထူးသဖြင့် နိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်ကစလို့ လူပေါင်း ၁၂၅၀၀၀ ခန့်ဟာ ရေကြီးမှုဒဏ်ကိုခံစားခဲ့ရပြီး ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက လူပေါင်း ၃ သန်းခန့်ဆီကို ကပ်ရောဂါ တုံ့ပြန်ရေးအပါအဝင် လိုအပ်တဲ့ အရေးပေါ် အကူအညီနဲ့ ကာကွယ်ရေးဝန်ဆောင်မှုတွေ ရောက်ရှိ ဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခြားသောကဏ္ဍတွေရဲ့ ကူညီထောက်ပံ့မှုတွေဟာလည်း နိုင်ငံရဲ့ နေရာအများအပြားမှာ ဆက်လက်ရှိနေမှာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ အစောပိုင်းကတည်းက သူတို့တောင်းဆိုခဲ့တဲ့ လိုအပ်နေသူတိုင်း ထံ အကူအညီရရှိဖို့နဲ့ လူသားချင်းစာနာမှုမိတ်ဖက်တွေကို အဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကုလသမဂ္ဂဟာ သူတို့ကတိကဝတ်အတိုင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ၊ ကာကွယ်ရေးဝန်ဆောင်မှုတွေ၊ ကိုဗစ်-၁၉ နဲ့ဆက်နွယ်တဲ့အကူအညီတွေ ဆက်ပေးမယ်လို့ ထပ်လောင်း အတည်ပြုပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...