Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းအပြီး ခုနစ်လအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ဝန်းရံထောက်ခံသူ ၂၅၃ ဦး သေဆုံးတယ်လို့ဆို

တရားမဝင်လက်နက်မျိုးစုံကိုင်ဆောင်ပြီး NLD ရဲ့ ပြိုင်ဘက်ပါတီဝင်တွေ၊ တပ်မတော်ထောက်ခံ သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်း ခြောက်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးက ဆိုပါတယ်။

(ပြီးခဲ့သည့် ​၂၀၂၀ရွေး​ကောက်ပွဲမဲဆွယ်ကာလတွင် လှည့်လည်စည်းရုံး​နေ​သော ပြည်ခိုင်ဖြိုးပါတီဝင်များကို ​တွေ့ရစဥ်၊ ဓါတ်ပုံ - USDP)

အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ခုနစ်လအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ဝန်းရံထောက်ခံသူ ၂၅၃ ဦး သေဆုံးခဲ့တယ်လို့ အဲဒီပါတီက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

အကြောင်းမဲ့အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အခြားသောနိုင်ငံရေးပါတီတွေ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူတွေရဲ့အရေအတွက်ဟာလည်း အများအပြားရှိတယ်လို့ ပြည်ခိုင်ဖြိုးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

NLD ပါတီဟာ တည်ဆဲအစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြည်ခိုင်ဖြိုးက ဆိုပါ တယ်။ ဒါ့အပြင် NLD ဟာ CRPH၊ NUG၊ PDF စတာတွေကို အဆင့်ဆင့်ဖွဲ့စည်းကာ သပိတ်မျိုးစုံ နဲ့ ဆန္ဒပြခြင်း၊ အဓိကရုဏ်း ဖန်တီးခြင်း၊ နိုင်ငံ့ဝန်ထမ်းအချို့ကို CDM ပြုလုပ်စေကာ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ခြင်း စတာတွေကို လုပ်ဆောင်တယ်လို့ ပြည်ခိုင်ဖြိုးက ထုတ်ပြန် ပါတယ်။

တရားမဝင်လက်နက်မျိုးစုံကိုင်ဆောင်ပြီး NLD ရဲ့ ပြိုင်ဘက်ပါတီဝင်တွေ၊ တပ်မတော်ထောက်ခံ သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်း ခြောက်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကျောထောက်နောက်ခံပြုပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးဟာ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံတဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။