Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းအပြီး ခုနစ်လအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ဝန်းရံထောက်ခံသူ ၂၅၃ ဦး သေဆုံးတယ်လို့ဆို

တရားမဝင်လက်နက်မျိုးစုံကိုင်ဆောင်ပြီး NLD ရဲ့ ပြိုင်ဘက်ပါတီဝင်တွေ၊ တပ်မတော်ထောက်ခံ သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်း ခြောက်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးက ဆိုပါတယ်။

(ပြီးခဲ့သည့် ​၂၀၂၀ရွေး​ကောက်ပွဲမဲဆွယ်ကာလတွင် လှည့်လည်စည်းရုံး​နေ​သော ပြည်ခိုင်ဖြိုးပါတီဝင်များကို ​တွေ့ရစဥ်၊ ဓါတ်ပုံ - USDP)

အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ခုနစ်လအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ဝန်းရံထောက်ခံသူ ၂၅၃ ဦး သေဆုံးခဲ့တယ်လို့ အဲဒီပါတီက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

အကြောင်းမဲ့အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အခြားသောနိုင်ငံရေးပါတီတွေ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူတွေရဲ့အရေအတွက်ဟာလည်း အများအပြားရှိတယ်လို့ ပြည်ခိုင်ဖြိုးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

NLD ပါတီဟာ တည်ဆဲအစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြည်ခိုင်ဖြိုးက ဆိုပါ တယ်။ ဒါ့အပြင် NLD ဟာ CRPH၊ NUG၊ PDF စတာတွေကို အဆင့်ဆင့်ဖွဲ့စည်းကာ သပိတ်မျိုးစုံ နဲ့ ဆန္ဒပြခြင်း၊ အဓိကရုဏ်း ဖန်တီးခြင်း၊ နိုင်ငံ့ဝန်ထမ်းအချို့ကို CDM ပြုလုပ်စေကာ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ခြင်း စတာတွေကို လုပ်ဆောင်တယ်လို့ ပြည်ခိုင်ဖြိုးက ထုတ်ပြန် ပါတယ်။

တရားမဝင်လက်နက်မျိုးစုံကိုင်ဆောင်ပြီး NLD ရဲ့ ပြိုင်ဘက်ပါတီဝင်တွေ၊ တပ်မတော်ထောက်ခံ သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်း ခြောက်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကျောထောက်နောက်ခံပြုပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးဟာ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံတဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။