Connect with us

Hi, what are you looking for?

News

တယ်လီနောကို ဝယ်ယူတဲ့ M1က လာမယ့်သုံးနှစ်အတွင်း ဒေါ်လာသန်း၃၀၀ကျော် ရင်းနှီးမြှုပ်နှံမယ်လို့ဆို

M1 Group ဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Mikati ပါဝင်တဲ့ Mikati မိသားစုပိုင် ကုမ္ပဏီဖြစ်ပြီး တောင် အာဖရိက၊ နယူးယော့ခ်၊ လန်ဒန်၊ ဒူဘိုင်းနဲ့ ဘိုင်ရွတ်တို့မှာ တယ်လီကွန်း၊ ဖက်ရှင်နဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ရင်း နှီးမြှုပ်နှံထားပါတယ်။

တယ်လီနောမြန်မာကို ဝယ်ယူထားတဲ့ လက်ဘနွန်ကုမ္ပဏီ M1 Group ဟာ လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ တယ်လီကွန်စီးပွားရေးကို တိုးချဲ့ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်သုံးစွဲမယ်လို့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအများအပြား မြန်မာ ပြည်ကနေ ထွက်ခွာနေချိန်မှာ လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group က တယ်လီနောမြန်မာ ကို ပြီးခဲ့တဲ့ ဇူလိုင်က အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

“စိန်ခေါ်မှုရှိတဲ့ပတ်ဝန်းကျင်ကို ရှောင်ဖယ်နေတာထက် နိုင်ငံရေးအခြေအနေကို မေ့ထားပြီး ကမ္ဘာ့အဆင့်ဝန် ဆောင်မှုနဲ့ ပြည်သူတွေကို ကူညီဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်” လို့ M1 Group ရဲ့ အမှုဆောင်အရာရှိချုပ် Mikati က ပြောပါတယ်။

Public Service Announcement

M1 Group ဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Mikati ပါဝင်တဲ့ Mikati မိသားစုပိုင် ကုမ္ပဏီဖြစ်ပြီး တောင် အာဖရိက၊ နယူးယော့ခ်၊ လန်ဒန်၊ ဒူဘိုင်းနဲ့ ဘိုင်ရွတ်တို့မှာ တယ်လီကွန်း၊ ဖက်ရှင်နဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ရင်း နှီးမြှုပ်နှံထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် M1 Group ဟာ မြန်မာစစ်တပ်ရဲ့ ဆက်သွယ်ရေးအော်ပရေတာ Mytel ကုမ္ပဏီအတွက် ဆက်သွယ်ရေး တာဝါတိုင်တွေဆောက်လုပ်ပေးခဲ့ပါတယ်။

တယ်လီနောမြန်မာကိုရောင်းချတာနဲ့ပတ်သက်လို့ Telenor CEC Sigve Brekke က “ပြည်သူတွေရဲ့လုံခြုံရေး၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေလျှော့ရတဲ့အကြောင်းပြချက်တွေနဲ့ပတ်သက်လို့ တယ်လီနောအတွက် ပြီးခဲ့တဲ့ လတွေအတွင်းမြန်မာနိုင်ငံအခြေအနေက အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဥပဒေနဲ့မညီဘဲ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဝင်ရောက်ဖျက်ဆီးခြင်း၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုက် ပိတ်ချစေခြင်း၊ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ဖိအားပေးတောင်းယူခြင်း၊ စစ်ဆေးခြင်း စတာတွေကို အတင်းအကျပ်လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား – Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

Facebook