Connect with us

Hi, what are you looking for?

News

ပေါက်ခေါင်းတွင် CDM ဝန်ထမ်းသုံးဦး ဖမ်းဆီးခံရ

ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ သည် ပြည်သူများထံမှ အလှူငွေများကောက်ခံ၍ CDM ဝန်ထမ်းများကိုအလှူငွေထောက်ပံ့မှုများပြုလုပ်နေသည်။

People's Spring
People's Spring

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကြက်ခြံတစ်ခုတွင် တိမ်းရှောင်နေသည့် CDM ဝန်ထမ်းသုံးဦး နှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ၄ ရက်တွင်ဖမ်းဆီးခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ CDM ဝန်ထမ်းသုံးဦးသည် လွန်ခဲ့သည့် ငါးလခန့်ကတည်းက ယင်းနေရာ၌ ရှောင်တိမ်းနေခြင်းဖြစ်ပြီး သတင်းအတိအကျရသောကြောင့် စစ်ကား ၂ စီးဖြင့်လာရောက်ကာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ကသတင်းထုတ်ပြန်ထားသည်။

ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ သည် ပြည်သူများထံမှ အလှူငွေများကောက်ခံ၍ CDM ဝန်ထမ်းများကိုအလှူငွေထောက်ပံ့မှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။