Connect with us

Hi, what are you looking for?

News

တိုက်ပွဲဆက်ဖြစ်နေ၍ စစ်ကောင်စီတပ်သားအလောင်း ၂၀ကျော် မြေမမြှုပ်နိုင်သေး

လက်ရှိတွင် စစ်ကောင်စီတပ်က MNDAA တပ်စခန်းများရှိရာဘက်သို့ လက်နက်ကြီးများဖြင့် အဆတ်မပြတ် ပစ်ခတ်နေကြောင်း၊ ထို့အပြင် ဒရုန်းများဖြင့် ထောက် လှမ်းနေသောကြောင့် တိုက်ပွဲများလည်း ပိုမိုအရှိန်မြင့်တက်လာနိုင်ကြောင်း MNDAAက ဆိုသည်။

-ဒရုန်းများဖြင့် ထောက်လှမ်းနေသောကြောင့် တိုက်ပွဲများပိုမိုအရှိန်မြင့်တက်လာနိုင်ဟု MNDAA​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေ၍ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများကို မြေမြှုပ်နိုင်ခြင်းမရှိသေးကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ယ​နေ့ ထုတ်ပြန်သည်။

ဩဂုတ် နှောင်းပိုင်းနှင့် စက်တင်ဘာ အစောပိုင်း၌ စစ်ကောင်စီတပ်၏ ထိုးစစ်များကို MNDAAက ခုခံကာကွယ်နိုင်ခဲ့ရာ လမ်းဘေးတွင် ဖရိုဖရဲဖြင့် ကျဆုံးသွားသော စစ်ကောင်စီတပ်၏ စစ်သည်အလောင်း အချို့အား MNDAA တပ်ဖွဲ့ဝင်များမှ မြေမြှုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးဒေသ(၁) မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့သည် ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ညှိနှိုင်းပြီး စစ်ကောင်စီတပ်၏အလောင်းများကို တိုက်ပွဲများငြိမ်သက်ချိန်၌ မြှုပ်နှံရန်ပြောဆိုထားကြောင်း၊ ယင်း လုပ်ငန်းများကို Covid-19 စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ပြီး တိုက်ပွဲများကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးသော နယ်မြေများတွင် စစ်ကောင်စီတပ်၏ အလောင်း ၂၀ ကျော် ကျန်ရှိနေသေးကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုအလောင်းများကို စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက် ခိုက်မှု ရပ်ဆိုင်းမှသာ မြေမြှုပ်နိုင်မည်ဟု MNDAAက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က MNDAA တပ်စခန်းများရှိရာဘက်သို့ လက်နက်ကြီးများဖြင့် အဆတ်မပြတ် ပစ်ခတ်နေကြောင်း၊ ထို့အပြင် ဒရုန်းများဖြင့် ထောက် လှမ်းနေသောကြောင့် တိုက်ပွဲများလည်း ပိုမိုအရှိန်မြင့်တက်လာနိုင်ကြောင်း MNDAAက ဆိုသည်။

စစ်ကောင်စီတပ်က ဒရုန်းကိုအသုံးပြုပြီး ထောက်လှမ်းမှုမှ တိုက်ပွဲစခဲသည့် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လုပ်ရပ်သည် စစ်ဆင်ရေ အကြီးစားများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မှန်းဆနိုင် သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။