Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ထိုးစစ်များအမြန်ရပ်တန့်ရေး ထိရောက်စွာဆောင်ရွက်ရန် နိုင်ငံတကာကို NUGတောင်းဆို

စစ်ကောင် စီတပ်များ၏ တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနှင့် ချီသော ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အခြေအနေကို ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်များ အမြန်ဆုံး ရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ညှင်ပန်း နေမှုများ အဆုံးသတ်ရေးနှင့် အာဏာသိမ်းမှု အဆုံးသတ်ကာကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်တာဝန်ခံ မှုရှိလာစေရေးထိရောက်စွာဆောင်ရွက် ပေးရန်အလေးအနက်တောင်းဆိုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ထိုးစစ်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာ ချက်ကို NUGက စက်တင်ဘာ ၅ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် မတရား သိမ်းယူခဲ့ပြီး နိုင်ငံတစ်ဝှမ်း ရှိ အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်ခဲ့ သည်မှာ (၇) လကျော်ရှိပြီ ဖြစ်ကြောင်း၊အာဏာသိမ်းစစ်ခေါင်းဆောင်များ နှင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတို့သည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် သာလွန်အင်အား များဖြင့် ထိုးစစ်များ ဆင်နွှဲလျက် ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြေပြင်ထိုးစစ်များသာမက လေကြောင်း တိုက်ခိုက်မှုများကိုပါ စစ်ကောင်စီက လုပ်ဆောင်နေ၍ တိုင်းရင်း သားဒေသအသီးသီးမှ အရပ်သား ပြည်သူများသည် အိုးအိမ်စွန့်ခွာလျက် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကုလသမဂ္ဂ အစီရင်ခံစာများအရ အိုးအိမ်စွန့် ခွာ ထွက်ပြေး ရသူပေါင်း ၃ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ၊ ဆေးရုံ ၊ကျောင်း အစရှိသည့် အရပ်ဘက်ဆိုင်ရာ အ ခြေခံအဆောက်အအုံများတွင် တပ်စွဲခြင်း ၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း များကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင် စီတပ်များ၏ တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနှင့် ချီသော ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အခြေအနေကို ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

COVID-19 ရောဂါ ပြန့်ပွားလျက်ရှိသည့် အချိန်ကာလတွင် ယင်းသို့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ကြောင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်မှု နှင့် လုံခြုံရေးကိုပါ ဆိုးရွားစွာ ထိခိုက်နိုင်မည့် အခြေ အနေများဖြစ်ပေါ်နေသည်ဟုဆိုသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားသတ်ဖြတ် ညှင်းပန်းလျက်ရှိသည့်စစ်ကောင်စီ၏ အဆိုပါ အကြမ်းဖက် လုပ်ရပ်များကို အထောက်အကူ ပြုစေသည့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရများ၊ အဖွဲ့အစည်းများအားလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း လည်း NUGက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ ရန်လိုသည့်လုပ်ရပ်များကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။