Connect with us

Hi, what are you looking for?

News

မြန်မာပလာဇာအနီးရှိ ယာဥ်ထိန်းရဲရုံး ဗုံးပေါက်

“မြန်မာပလာဇာ မျက်နှာချင်းဆိုင် မီးပွိုင့်နားက ယာဥ်ထိန်းရဲရုံးမှာ ဗုံးပေါက်တာပါ။ ယာဥ်ထိန်းရဲရုံးက မှန်တွေကွဲသွားတာတော့ တွေ့ရတယ်။ ယာဥ်ထိန်းရဲတွေ ဒဏ်ရာရတာတော့ မတွေ့ရပါဘူး “ဟု မြန်မာပလာဇာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြန်မာပလာဇာအနီး ကမ္ဘာ​အေးဘုရားလမ်းမ​ပေါ်ရှိ ယာဥ်ထိန်းရဲရုံးတွင် ယနေ့(စက်တင်ဘာ ၆ ရက်) နံနက် ၄နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

“မြန်မာပလာဇာ မျက်နှာချင်းဆိုင် မီးပွိုင့်နားက ယာဥ်ထိန်းရဲရုံးမှာ ဗုံးပေါက်တာပါ။ ယာဥ်ထိန်းရဲရုံးက မှန်တွေကွဲသွားတာတော့ တွေ့ရတယ်။ ယာဥ်ထိန်းရဲတွေ ဒဏ်ရာရတာတော့ မတွေ့ရပါဘူး “ဟု မြန်မာပလာဇာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

​ပေါက်ကွဲမှုဖြစ်ပြီး​နောက် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီခန့်ကစ၍ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ၊ ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်း တို့တွင် စစ်ကောင်စီတပ်များက ကားများကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

မြန်မာပလာဇာတွင် ယမန်နေ့ညနေက လူသတ်မှုဖြစ်ပြီးနောက် ကားပါကင်အပါအဝင် အ‌ရေးကြီးနေရာများ၌ လုံခြုံရေးတိုးမြှင့်ကာ လုံခြုံရေးစနစ်များကိုလည်း ချက်ချင်းအကောင်အထည်ဖော်ထားသည်ဟုပလာဇာကယ​​​နေ့သတင်းထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။