Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပလာဇာအနီးရှိ ယာဥ်ထိန်းရဲရုံး ဗုံးပေါက်

“မြန်မာပလာဇာ မျက်နှာချင်းဆိုင် မီးပွိုင့်နားက ယာဥ်ထိန်းရဲရုံးမှာ ဗုံးပေါက်တာပါ။ ယာဥ်ထိန်းရဲရုံးက မှန်တွေကွဲသွားတာတော့ တွေ့ရတယ်။ ယာဥ်ထိန်းရဲတွေ ဒဏ်ရာရတာတော့ မတွေ့ရပါဘူး “ဟု မြန်မာပလာဇာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြန်မာပလာဇာအနီး ကမ္ဘာ​အေးဘုရားလမ်းမ​ပေါ်ရှိ ယာဥ်ထိန်းရဲရုံးတွင် ယနေ့(စက်တင်ဘာ ၆ ရက်) နံနက် ၄နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

“မြန်မာပလာဇာ မျက်နှာချင်းဆိုင် မီးပွိုင့်နားက ယာဥ်ထိန်းရဲရုံးမှာ ဗုံးပေါက်တာပါ။ ယာဥ်ထိန်းရဲရုံးက မှန်တွေကွဲသွားတာတော့ တွေ့ရတယ်။ ယာဥ်ထိန်းရဲတွေ ဒဏ်ရာရတာတော့ မတွေ့ရပါဘူး “ဟု မြန်မာပလာဇာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

​ပေါက်ကွဲမှုဖြစ်ပြီး​နောက် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီခန့်ကစ၍ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ၊ ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်း တို့တွင် စစ်ကောင်စီတပ်များက ကားများကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ဆိုသည်။