Connect with us

Hi, what are you looking for?

News

ကုလဝန်ထမ်းတွေရဲ့ ပညာရှင်ဆန်မှုကိုပြသဖို့ တောင်းဆိုတယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဆို

မြန်မာစစ်တပ်က ဥပဒေမဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြစ်တင်ခဲ့ပြီး မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက် ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ ပညာရှင်ဆန်မှုကိုပြသဖို့ တောင်းဆိုတယ်လို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံးက နေ့စဉ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ တွေမှာ မြန်မာ နိုင်ငံကိုမကြာခဏရည်ညွှန်းပြောကြားနေပြီး ပြည်တွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုလိုအပ်တဲ့ အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ပစ်မှတ်ထားနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာစစ်တပ်က ဥပဒေမဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြစ်တင်ခဲ့ပြီး မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက် ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ ကုလအထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး နိုင်ငံအတွင်းမှာ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ မတရားမသဖြင့် ဖမ်းဆီးခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်းတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးဟာ စိစစ်လို့ မရနိုင်တဲ့ပုံကြီးချဲ့ထားတဲ့ ကိန်းဂဏန်းတွေပါဝင်တဲ့ အစီရင်ခံစာတွေကို ကိုးကားနေတယ်လို့ ဆိုပါတယ်။

“ယင်းသို့ စိစစ်ရမည့်အစား ပြောခွင့်ရပုဂ္ဂိုလ်ရုံးသို့ ပေးပို့ပြီးအများသို့ထုတ်ပြန်လျက်ရှိရာ ကုလသမဂ္ဂဝန်ထမ်းများ၏ ပညာရှင်ဆန်မှုမှာမေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ ကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် အထင်အမြင်လွဲမှားစေသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့် ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်နှင့် အများပြည်သူသို့ အသိပေးပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု တို့ကိုကျင့်သုံးရန် တောင်းဆိုသည်”လို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဌာနချုပ်တည်ရှိရာ အမေရိကန်နဲ့ကမ္ဘာတစ်လွှားမှာတော့ ဒီလထဲမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်တဲ့၊ ရွေးချယ်တင် မြှောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုယ်စားလှယ်သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက် လက်အသိအမှတ်ပြုရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။