Connect with us

Hi, what are you looking for?

LuduNwayOo

News

ကောလင်းမြို့တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီပစ်ခတ်သတ်ဖြတ်

သေဆုံးသည့် အမျိုးသားသည် အသက် ၃၅ အရွယ်ရှိ ကိုသော်ဇင်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည် ရွှေဘိုမြို့၌ အိမ်ထောင်ကျနေသူဖြစ်ကြောင်း၊ မိဘနေအိမ်သို့ ခေတ္တပြန်လာနေသည်မှာ ၃ရက်ခန့်သာ ရှိသေးပြီး ယခုကဲ့သို့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း ကောလင်းမြို့ခံက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်တွင် စက်တင်ဘာ ၅ရက်ညပိုင်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကျည်ထိမှန်ဒဏ်ရာရကာ ယနေ့တွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ည ၇နာရီခန့်က မြို့ပေါ်၌ ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း၌ အရပ်သားတစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က အပြစ်မဲ့ ပြည်သူဘက်ကတစ်ယောက် အပစ်ခံရပြီးတော့ ဒီနေ့ ကွယ်လွန်သွားတယ်။ လမ်းမှာ အပစ်ခံရတာ။ ဗုံးသံကြားပြီးတဲ့နောက်ပိုင်း ဆိုင်ကယ်နဲ့ အိမ်ပြန်တဲ့အချိန် အပစ်ခံရတာ”ဟု ကောလင်းမြို့ခံက ပြောသည်။

သေဆုံးသည့် အမျိုးသားသည် အသက် ၃၅ အရွယ်ရှိ ကိုသော်ဇင်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည် ရွှေဘိုမြို့၌ အိမ်ထောင်ကျနေသူဖြစ်ကြောင်း၊ မိဘနေအိမ်သို့ ခေတ္တပြန်လာနေသည်မှာ ၃ရက်ခန့်သာ ရှိသေးပြီး ယခုကဲ့သို့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း ကောလင်းမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူကတော့ အခြားဘာအဆက်အစပ်မှမရှိဘူး။ အဲဒါကို ဒီအတိုင်း အပစ်ခံရတာ။ အခုဟာက ကောလင်းမြို့အနေအထားနဲ့ကျတော့ ထွေအုပ်ရုံး က ကောလင်းမြို့အလယ်ကောင်မှာလို ဖြစ်နေတာ။ အဲဒါ အခု သေနတ်မှန်တဲ့နေရာက ထွေအုပ်ရုံးနဲ့ တစ်လမ်းခြားမှာ။ ထွေအုပ်ရုံးက လှမ်းပစ်လိုက်လို့လား ဒါမှမဟုတ် သူတို့ ကင်းပတ်တာနဲ့ တွေ့လို့ ပစ်လိုက်တာလား တိတိကျကျ မသိရဘူး” ဟု ၎င်းက ဆိုသည်။

ကောလင်းမြို့ပေါ်တွင် ယခင်ကလည်း ညပိုင်းအချိန်များ၌ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။