Connect with us

Hi, what are you looking for?

News

ကောလင်းမြို့တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီပစ်ခတ်သတ်ဖြတ်

သေဆုံးသည့် အမျိုးသားသည် အသက် ၃၅ အရွယ်ရှိ ကိုသော်ဇင်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည် ရွှေဘိုမြို့၌ အိမ်ထောင်ကျနေသူဖြစ်ကြောင်း၊ မိဘနေအိမ်သို့ ခေတ္တပြန်လာနေသည်မှာ ၃ရက်ခန့်သာ ရှိသေးပြီး ယခုကဲ့သို့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း ကောလင်းမြို့ခံက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်တွင် စက်တင်ဘာ ၅ရက်ညပိုင်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကျည်ထိမှန်ဒဏ်ရာရကာ ယနေ့တွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ည ၇နာရီခန့်က မြို့ပေါ်၌ ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း၌ အရပ်သားတစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က အပြစ်မဲ့ ပြည်သူဘက်ကတစ်ယောက် အပစ်ခံရပြီးတော့ ဒီနေ့ ကွယ်လွန်သွားတယ်။ လမ်းမှာ အပစ်ခံရတာ။ ဗုံးသံကြားပြီးတဲ့နောက်ပိုင်း ဆိုင်ကယ်နဲ့ အိမ်ပြန်တဲ့အချိန် အပစ်ခံရတာ”ဟု ကောလင်းမြို့ခံက ပြောသည်။

သေဆုံးသည့် အမျိုးသားသည် အသက် ၃၅ အရွယ်ရှိ ကိုသော်ဇင်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည် ရွှေဘိုမြို့၌ အိမ်ထောင်ကျနေသူဖြစ်ကြောင်း၊ မိဘနေအိမ်သို့ ခေတ္တပြန်လာနေသည်မှာ ၃ရက်ခန့်သာ ရှိသေးပြီး ယခုကဲ့သို့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း ကောလင်းမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူကတော့ အခြားဘာအဆက်အစပ်မှမရှိဘူး။ အဲဒါကို ဒီအတိုင်း အပစ်ခံရတာ။ အခုဟာက ကောလင်းမြို့အနေအထားနဲ့ကျတော့ ထွေအုပ်ရုံး က ကောလင်းမြို့အလယ်ကောင်မှာလို ဖြစ်နေတာ။ အဲဒါ အခု သေနတ်မှန်တဲ့နေရာက ထွေအုပ်ရုံးနဲ့ တစ်လမ်းခြားမှာ။ ထွေအုပ်ရုံးက လှမ်းပစ်လိုက်လို့လား ဒါမှမဟုတ် သူတို့ ကင်းပတ်တာနဲ့ တွေ့လို့ ပစ်လိုက်တာလား တိတိကျကျ မသိရဘူး” ဟု ၎င်းက ဆိုသည်။

ကောလင်းမြို့ပေါ်တွင် ယခင်ကလည်း ညပိုင်းအချိန်များ၌ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook