Connect with us

Hi, what are you looking for?

News

ပြည်သူလူထု၏ ခုခံတော်လှန်စစ်ပွဲအတွက် ယာယီသမ္မတမိန့်ခွန်းမှ အရေးကြီးဆုံး ၁၄ ချက်

ယနေ့မှစ၍ စစ်အာဏာရှင်တော်လှန်ရေး ပြည်သူလူထု၏ခုခံတော်လှန်စစ် စတင်ပြီးဖြစ်ကြောင်း အချက် ၁၄ ချက်ပါဝင်သော မိန့်ခွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်သည်။

၁။ စက်တင်ဘာ ၇ ရက်၊ တော်သတင်းလဆန်း ၂ရက်မှ စတင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်သည့် စတင်နေပြီဖြစ်တယ်။ ဤတော်လှန်ရေးသည် ပြည်သူထု၏ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူပြည်သားအားလုံး မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖိုက်ကြပါ။

၂။ပြည်သူကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နှင့် ၎င်းတို့၏ ဒေါက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထားထိန်းချုပ်ကြပါ။

၃။ စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအားလုံး အလုပ်မှ ချက်ချင်းစွန့်ခွာကြပါ။

၄။PDFများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သတိထားကာကွယ်စောင့်ရှောက်ကြပါ။ အထက်ပါမှ ညွန့်ကြားချက်များကို တိတိကျကျလိုက်နာပါ။ ပြည်သူကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို တသွေမသိမ်းလိုက်နာကြပါ။

Public Service Announcement

Public Service Announcement

၅။ ပြည်သူလုံခြုံရေးတပ်များအနေဖြင့်လည်း မိမိတို့ ဒေသ၊ ရပ်ရွာ၊ မြို့ပြများရှိ ပြည်သူလူထုအိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချကာကွယ်စောင့်ရှောက်ကြပါ။

၆။ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ။ တဦးချင်းရဲ့ လုံခြုံရေး ဂရုပြုကြပါ။လိုအပ်တဲ့ ရိက္ခာ၊ဆေးဝါးများကို စုဆောင်းထားကြပါ။ပြည်သူကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီကြပါ။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမူ သတင်းများကို ပြည်သူကာကွယ်ရေးတပ်များသို့ အချိန်မှီပေးပို့ကြပါ။

၇။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်သွားကြပါ။ မိမိတို့နယ်မြေများကို အပြည့်အဝထိန်းချုပ်ထားကြပါ။

၈။ စစ်အာဏာရှင် အုပ်စိုးမှုနှင့် အုပ်ချုပ်ရေးယန္တယားကို ပြည်သူ့အားဖြင့် တွန်းလှန်တိုက်ထုတ်ဖျက်သိမ်းကြပါ။ တဆက်တည်းမှာပြည်သူအုပ်ချုပ်ရေးသို့ပြောင်းလဲနိုင်အောင် ပြည်သူလူထုနှင့် အနီးကပ်ဆောာင်ရွက်ကြပါ။

၉။အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖျားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားတပ်ဖွဲ့(BGF)များနှင့်ပြည်သူ့စစ်အားလုံးတို့ ယနေ့မှ စ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူရန်သူများကို စတင်ရင်ဆိုင်တိုက်ခိုက်ကြပါ။

၁၀။ ယခုတော်လှန်ရေးသည့် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော တော်လှန်ရေးဖြစ်သည်။

၁၁။ မိမိတို့ နိုင်ငံတော်၏ ပကတိအခြေအနေလိုအပ်ချက်အရ လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးခြင်းနိုင်ငံများ၊ အာရှနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည်ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။

၁၂။ ပြည်သူတော်လှန်ရေးစတင်သည့်ဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားမူအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ပြည်သူရဲများ၊ ဝန်ထမ်းများအနေဖြင့် ပြည်သူကာကွယ်ရေးတပ်-PDFများနှင့် ချက်ချင်းဆက်သွယ်ပူးပေါင်းပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများသို့ အမြန်ဆုံးသတင်းပို့ကြပါ။

၁၃။ ယနေ့မှ စ၍ စစ်အောက်စီလက်ခံ ဝန်ထမ်းအားလုံးရုံးတက်ခြင်းမပြုကြရန် သတိပေးတားမြစ်လိုက်သည်။

၁၄။ ယခုအရေးတော်ပုံတွင် အသက်အိုးအိမ်စွန့်လွန့် အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည်ဖြစ်ပါသည်။ ပြည်သူ့အုံကြွမူကို ကျေးလက်နှင့်မြို့ပြနိုင်ငံတဝန်းလုံးတွင် တပြိုင်တည်းလုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မူ ၊ ဉာဏ်ရည်ထက်မြတ်မှု၊ စိတ်ဓာတ်ပြင်းထန်ကြံခိုင်မှုပေါ်မူတည်၍ တော်လှန်ရေးကာလတိုတောင်းမည်ဖြစ်သည်။ အာဏာသိမ်း အကြမ်းဖက် မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံအပြီးတိုင်ဖြုတ်ကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူလူထု စောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝအာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အလယ်တွင် တဖန် ဂုဏ်သိက္ခာထွန်းတောက်လာမည်ဖြစ်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းကို ဆိုလိုရင်းနဲ့ ကွဲပြားအောင် တည်းဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် BBC သတင်းဌာနရဲ့ ထိပ်တန်း အရာရှိ နှစ်ဦး ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။