ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ရွာအဝင်တွင် စစ်ကြောင်းချီနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၈ရက်) နံနက် ၉နရီတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဆိုင်ကယ်စီးလာသော အရပ်သားနှစ်ဦးကို အကြောင်း မဲ့ပစ်သတ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဒီမော့ဆိုမြို့နယ်ရဲစခန်းတိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ နှစ်နာရီကျော် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ ထိခန့်ကျဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
KNDF ဘက်မှ ထိခိုက်မှုမရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်များ အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသော ဒီးမော့ဆိုရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဟုလည်း ဖော်ပြထားသည်။
ယနေ့ည ၆နာရီ ၄၀မိနစ်ခန့်တွင်လည်း ဒီးမော့ဆို ရဲစခန်း ၌ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန် သည်။
စက်တင်ဘာ ၇ ရက်က လွိုင်ကော်နှင့် ဒီးမော့ဆိုကြား၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံမျး၏ နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထိုအပြင်ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနှင့် စံပြ (၆) ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် စံပြ (၆) မိုင်ကျေးရွာအတွင်း နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးတင်ရှို့ခြင်း တို့ကို လုပ်ဆောင်လျက်ရှိသည်ဟုလည်း KNDFက ထုတ်ပြန်ခဲ့သည်။
KNDF အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကရင်နီပြည် တစ်ပြည်နယ် လုံးအတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များကို တိုက်ခိုက် ခြေမှုန်းသွားမည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့သည်။


















































