ဟားခါးနှင့် ထန်တလန်မြို့ပေါ် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်းရှိပြည်သူများ၏အိမ်များကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း CDFက ယနေ့ သတင်းထုတ်ပြန်သည်။
“ဟားခါးနှင့် ထန်တလန်မြို့ပေါ် ပစ်ခတ်တိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မည့်အစား စစ်ခွေးစခန်း ချထားသည့် တပ်ကုန်းမှ ကြိုက်သလို ထင်ရာဆန်း(ထင်ရာစိုင်းဟုဆိုလိုသည်) မြို့တွင်းပြည်သူအိမ်များသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းသည် အရပ်သားပြည်သူများ သေစေလိုခြင်း၊ အသက်အန္တရယ်အတွက် ဂရုမစိုက်ခြင်းဖြစ်ကြောင်း သက်သေပြနေပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် CDFအနေဖြင့် အရပ်သားပြည်သူများ ထိခိုက်မှုအနည်းဆုံးနေရာများတွင်သာ ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှတ်တမ်းတင်ပေးရန်နှင့် သွားလာလှုပ်ရှားမှုများကို သတင်းပေးကြပါရန် CDFက တိုက်တွန်းထားသည်။
ထန်တလန်မြို့က ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ၊ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာဖြစ်သော Zalen သတင်းဌာနကဖော်ပြသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်၊ ကရင်နီနှင့် ချင်းပြည်နယ်မြို့နယ်အချို့တိုက်ပွဲများတွင် အရပ်သားများအား လူသားဒိုင်းသဖွယ်အသုံးပြု၍ အကာအကွယ်ယူ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။
“ယောက်ျား ယောက်ျားချင်းထိပ်တိုက်မတွေ့ဘဲ အရပ်သားတွေကို မဲနေတာ၊ အကာအကွယ်ယူနေတာက
သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲ”ဟု CDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။


















































