Connect with us

Hi, what are you looking for?

News

တစ်ဒေါ်လာ ကျပ်၂,၀၂၀နှင့် ရွှေစျေး ၁၈သိန်းခွဲအထိစံချိန်တင်မြင့်တက်လာ

“ရန်ကုန်မြို့လိုနေရာမျိုးမှာ စစ်ရေးအရှိန်မြင့်လာတော့ လူတွေက ဒေါ်လာကို ရသလောက်နဲ့ ဝယ်နေကြတယ်။ ဘယ်လောက်နဲ့ရောင်းရောင်း ဝယ်နေကြတယ်”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးကပြောသည်။

ဒေါ်လာဈေးနှင့် ရွှေဈေးတရှိန်ထိုးတက်ပြီး တစ်ဒေါ်လာ ကျပ် ၂,၀၂၀ နှင့် ရွှေတစ်ကျပ်သား ၁၈သိန်းခွဲအထိဖြစ်လာကြောင်း အဆိုပါဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထိုဈေးနှုန်းများသည် မြန်မာ့သမိုင်းတလျောက်အမြင့်ဆုံး ဈေးနှုန်းများဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၇ လအတွင်း ဈေးတရှိန်ထိုးမြင့်တက်လာရခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းရှင်များက ဆိုသည်။

ပြင်ပငွေလဲဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် တရှိန်ထိုးမြင့်တက်လာခြင်းကြောင့် စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂,၀၀၀ကျော်ပေါက်ဈေးရှိလာပြီး အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်းခွဲအထိ မြင့်တက်လာခြင်းဖြစ်သည်။

“ရန်ကုန်မြို့လိုနေရာမျိုးမှာ စစ်ရေးအရှိန်မြင့်လာတော့ လူတွေက ဒေါ်လာကို ရသလောက်နဲ့ ဝယ်နေကြတယ်။ ဘယ်လောက်နဲ့ရောင်းရောင်း ဝယ်နေကြတယ်”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၂,၀၂၀ကျပ်ဖြင့် ဝယ်ယူခဲ့ရသည်ဟု ယနေ့ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

“မနက်ပိုင်းလောက်မှာ တစ်ဒေါ်လာကို ၁၉၆၀လောက်နဲ့ရောင်းနေကြတာ။ နေ့လယ်ပိုင်းမှာ ၂,၀၀၀ကျော်သွားတာပဲ”ဟု ၎င်းကဆိုသည်။

မနေ့က(စက်တင်ဘာ ၉ ရက်) အမေရိကန်တစ်ဒေါ်လာကို ၁၉၅၀ ကျပ်အမြင့်ဆုံးပေါက်ဈေးရှိခဲ့ပြီးနောက် စက်တင်ဘာ ၁၀ ယနေ့တွင် ကျပ် ၂,၀၂၀အထိ မြင့်တက်လာခြင်းဖြစ်သည်။အခေါက်ရွှေတစ်ကျပ်သားကို မနေ့က ၁၈သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး တရက်တည်းတွင် တစ်ကျပ်သားကို ကျပ် ငါးသောင်းမြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

ထို့သို့ ဒေါ်လာဈေးနှင့် ရွှေဈေး တရှိန်ထိုးမြင့်တက်မူသည့် စက်တင်ဘာ၁၀ ရက် နေလယ်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ငွေကြေးလဲလှယ်လုပ်ငန်းရှင်များကပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က ဇန်နဝါရီ လကုန်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာကို ၁,၃၇၇ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။