Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်လာဈေး ၂,၀၅၀ ကျပ်ကျော်လာပြီး ဝယ်မရတော့ ၊ရွှေဈေးလည်း ၁၉ သိန်းကျော်

“အခု ဒေါ်လာကို ပမာဏအများကြီးဝယ်ယူဖို့တာ မရတော့ဘူး။ တစ်ရာ။ နှစ်ရာလောက်ပဲ အချင်းချင်းရောင်းတာဝယ်တာရှိတော့တယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

ဒေါ်လာဈေး နှင့် ရွှေဈေးဆက်လက်မြင့်တက်နေပြီးယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၂,၀၅၀ ကျပ်ကျော်ဈေးပေါက်နေသော်လည်း ဝယ်ယူ၍ မရတော့ကြောင်း ငွေကြေးရောင်းဝယ်နေသူများကပြောသည်။
ရွှေဈေးမှာလည်းတစ်ကျပ်သားလျှင် ကျပ်၁၉သိန်းကျော် ဈေးတက်လာသည်။

စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂,၀၂၀ အထိဈေးတက်ခဲ့ရာမှ စက်တင်ဘာ ၁၁ ရက် နေ့ခင်းပိုင်းတွင် တစ်ဒေါ်လာကို ၂,၀၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာသည်။ မြန်မာ့သမိုင်းတလျောက်အမြင့်ဆုံးဒေါ်လာဈေးဖြစ်လာပြီး၊ကျပ်ငွေတန် ဖိုးမှာ ပြီးခဲ့သည့် ခုနှစ်လကျော်နှင့် နှိုင်းယှဥ်လျှင် ၅၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းလာခြင်းဖြစ်သည်။ ဒေါ်လာဈေးတက်နေသော်လည်း စက်တင်ဘာ ၁၁ ရက်တွင် ဒေါ်လာဝယ်ယူ၍မရအောင် ရှားပါးလာသည်ဟု ငွေလဲလုပ်ငန်းရှင်များက ပြောသည်။

ဒေါ်လာဈေး ထိန်းမရနိုင်အောင် မြင့်တက်လာခြင်းကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယခင်က စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်များနှင့် ငွေလဲကောင်တာများက ဒေါ်လာဈေးကို ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်းအတွင်းသာအတိုးအလျှော့ပြုလုပ် ရောင်းဝယ်ခွင့် ပြုထားသည်။ယခုအခါထိုသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ယခင်အစိုးရလက်ထက် ဗဟိုဘဏ်က သတ်မှတ်သည့် ဈေးကွက်အတိုင်းသတ်မှတ်ပုံစံကိုသာ အသုံးရမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ပြောင်းလဲထုတ်ပြန်သည်။

“အခု ဒေါ်လာကို ပမာဏအများကြီးဝယ်ယူဖို့တာ မရတော့ဘူး။ တစ်ရာ။ နှစ်ရာလောက်ပဲ အချင်းချင်းရောင်းတာဝယ်တာရှိတော့တယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် အခေါက်ရွှေတစ်ကျပ်သားကို ၁၉သိန်းကျော်အထိ မြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၇လကျော်အတွင်း တစ်ဒေါ်လာကို ကျပ် ၇၀၀ခန့် နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၆သိန်းနီးပါးဈေးတက်လာခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ၁,၃၇၇ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၂၀,၀၀၀ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းလဲ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၇၅၀ အထိမြင့် တက်သည်။

သတင်း

လက်ရှိစက်တင်ဘာလဆန်းပိုင်းစတင်ပြီး တရိပ်ရိပ်ကျလာတဲ့ ရွှေဈေးဟာ ဒီနေ့မနက်ပိုင်း ရွှေဈေးအဖွင့်မှာတင် ကျပ်ငါးသောင်းခုန်တက်သွားတာပါ။

သတင်း

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

သတင်း

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။