Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကိုတော်လှန်ရန် ဒီပဲယင်းမြို့နယ်တွင် ဂဠုန်တပ်တော်ကို အင်အား ၅၀၀ ကျော်ဖြင့် စတင်ဖွဲ့စည်း

တပ်ဖွဲ့ကြီးသည် မြေအောက်အဖွဲ့အစည်းဖြစ်ပြီး အစစအရာရာသိုသိပ်လှို့ဝှက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂဠုန်တပ်တော်ကဆက်လက် အသိပေထားသည်။

People's Spring
People's Spring

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ၏ ဇာတိ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်အာဏာရှင်ကို တော်လှန်မည့် ဂဠုန်တပ်တော်ကို အင်အား ၅၀၀ ကျော်ဖြင့်ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့က စက်တင်ဘာ ၁၂ ရက်တွင် ကြေညာသည်။

ဒီပဲယင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ညီနောင်မဟာမိတ်တပ်ရင်းများနှင့် ချိတ်ဆက်၍ စစ်အာဏာရှင်အား အလျဥ်းသင့်သလို တိုက်ထုတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် စစ်ပရိယာယ်အစား ယုတ်ညံ့သော အောက်လုံးထိုးတိုက်ခိုက်ခြင်း၊ ဘုရား၊ ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ အစရှိသော အလေးထားစရာနေရာများမှ တိုက်ခိုက်ခြင်း၊ သာလွန်လက်နက်အမျိုးအစားများ အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူများအား လူသားဒိုင်းအဖြစ် စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ထိပ်တိုက် တိုက်ပွဲများအပြီးတွင် ကျေးရွာအတွင်း လုယက်ခိုးယူခြင်း၊ အပြစ်မဲ့ ကျေးရွာသူကျေးရွာသားများအား ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် တွန်းလှန်မှူပုံစံကို တစ်မျိုးတစ်ဖုံ ပြောင်းလဲလာရကြောင်း ၊သြဂုတ်လဆန်းပိုင်းမှစ၍ ယခင်နှင့်မတူသည့် ခြုံခိုမိုင်းခွဲတိုက်ခိုက်ခြင်းများကို စတင်ပြုလုပ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်တပ်အင်အားလျော့ကျစေခြင်း၊ ဒီပဲယင်းမြို့နယ်လုံးတွင် ထင်ပေါ်စွာသွားလာနိုင်မှုမရှိသည်အထိ ဖြစ်စေခဲ့ကြောင်းဖော်ပြထားသည်။

ဂဋ္ဌုန်တပ်ဖွဲ့တပ်သားများသည် သိုသိပ်လှို့ဝှက်စွာ လှုပ်ရှားခဲ့ကြသော်လည်း စက်တင်ဘာလ ၇ ရက်နေ့တွင် NUG မှအရေးပေါ်အခြေအနေကြေညာလိုက်၍ မြို့နယ်လုံးအတိုင်းအတာဖြင့် ယခင်ထက် ကျစ်လစ်သန်မာစွာ တော်လှန်နိုင်ရန်တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး ၅ ဦး၊ တပ်စုမှူး ၁၀ ဦး၊ တပ်သားအင်အား ၂၇၀ ဦး၊ အရံအင်အား ၂၃၀ ဦး စုစုပေါင်း အင်အား ၅၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းရှင်းလင်းဖော်ပြထားသည်။

ဂဋ္ဌုန်တပ်ဖွဲ့တပ်သားများသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီးစေမည်မဟုတ်ဘဲ တိကျမှန်ကန်စွာဖြင့် ပစ်မှတ်တိုင်းကို သေချာစွာတိုက် သွားမည်ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲသံကြားရလျှင် ပိုမိုနားစွင့်ထားကြရန်၊ အပြန်အလှန်ပစ်ခတ်သံများ ကြားရလျှင် ဆန့်ကျင်ရာအရပ်သို့ ရှောင်ရှားကြပြီး စိတ်ချရမည့်နာရီပိုင်းအထိ စောင့်ကြည့်ပေးရန်၊ စစ်တပ်နှင့် ဝေးဝေးနေခြင်း၊ စစ်ကားတန်းနှင့် ကပ်မလိုက်ခြင်း၊ ၎င်းတို့နှင့် အရောတဝင်မနေခြင်းများ သိရှိထားရန်လိုအပ်ကြောင်းလည်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် မိမိတို့ ဂဠုန်တပ်ရင်းအား စစ်တပ်၏ လှုပ်ရှားမှု သတင်းများ ပေးပို့ခြင်းဖြင့်ကူညီနိုင်ကြောင်း၊ မိမိတို့တပ်သည် အစပိုင်းကာလက တပ်သားများ၏ ကိုယ်ပိုင်ငွေကြေးများ၊ ကျေးရွာလူထု၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်လာခဲ့သော်လည်း လက်နက်များ၊ တပ်၏ အသုံးစရိတ်များ၊ သေနတ်ကျည်များ အရေးပေါ်လိုအပ်နေကြောင်းလည်း ပြည်သူသို့အသိပေးထားသည်။

ဂဠုန်တပ်ဖွဲ့ကြီးသည် မြေအောက်အဖွဲ့အစည်းဖြစ်ပြီး အစစအရာရာသိုသိပ်လှို့ဝှက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂဠုန်တပ်တော်ကဆက်လက် အသိပေထားသည်။

ဒီပဲယင်းမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျေးရွာနေအိမ်များ မီးရှိဖျက်ဆီးခံရခြင်း၊ ပစ္စည်းများ အဓမ္မလုယက်သိမ်းယူခြင်း၊ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook