Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ နှမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့

ယနေ့ စစ်ကောင်စီလက်ချက်ကြောင့် ရွာရှိ နေအိမ် ၁၄လုံးနှင့် ဆန်စက်တစ်လုံး၊ မီးလောင်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်များ နေထိုင်ရာ တဲနှစ်လုံးကိုလည်း မီးရှို့သွားသည်ဟု နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နမ်းခါးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်များက ယနေ့ (စက်တင်ဘာ၁၃ ရက်)နံနက်ပိုင်းတွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။

“စစ်ကောင်စီက မီးရှို့သွားလို့ ရပ်ရွာပြည်သူလူထုနဲ့ ရပ်ရွာလူငယ်အဖွဲ့မှ မီးငြိမ်းသက်နေခြင်းဖြစ်ပါတယ်”ဟု နှမ်းခါးလူငယ်အဖွဲ့မှ လူငယ်တစ်ဦးက ရွာမီးရှို့ခံရသည့် ဖြစ်စဉ်ကို ရုပ်သံရိုက်ကူးဖော်ပြရာတွင် ပြောကြားခဲ့သည်။

ယနေ့ စစ်ကောင်စီလက်ချက်ကြောင့် ရွာရှိ နေအိမ် ၁၄လုံးနှင့် ဆန်စက်တစ်လုံး၊ မီးလောင်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်များ နေထိုင်ရာ တဲနှစ်လုံးကိုလည်း မီးရှို့သွားသည်ဟု နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၁၀ရက်ကလည်း နှမ်းခါးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၃၈ လုံး မီးလောင်ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ သာလင်း၊ နှမ်းခါး၊ မြင်သား၊ ထယ်လှော် စသည့် ရွာများ၌ ပြည်သူပိုင်နေ အိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်။ မြင်သားကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ခိုက်သတ်ဖြတ်ခဲ့၍ အရပ်သား ၁၇ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။

Facebook