Connect with us

Hi, what are you looking for?

News

ဘားအံက ရပ်ကွက်ရုံး​တွေမှာ လက်နက်ကိုင် ပြည်သူ့စစ်​တွေ ​နေရာချ​နေ

စက်တင်ဘာ ၁၃ ရက်နေ့ ညနေကစပြီး ဘားအံမြို့က အမှတ် ၃ ၊ အမှတ် ၅၊ အမှတ် ၉၊ အမှတ် ၇ စတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၀င်းထဲမှာ စစ်အုပ်စုရဲ့ပြည်သူ့စစ်တပ်ဖွဲ့၀င်တွေကို အရပ်၀တ်ပုံစံ၊ လက်နက်အပြည့်အစုံနဲ့ တွေ့ခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဘားအံမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ရုံးတွေမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၀င်တွေကို လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီက နေရာချထားလျက်ရှိတယ်လို့ ဘားအံမြို့ခံတွေထံကနေ ကြားသိရပါတယ် ။

စက်တင်ဘာ ၁၃ ရက်နေ့ ညနေကစပြီး ဘားအံမြို့က အမှတ် ၃ ၊ အမှတ် ၅၊ အမှတ် ၉၊ အမှတ် ၇ စတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၀င်းထဲမှာ စစ်အုပ်စုရဲ့ပြည်သူ့စစ်တပ်ဖွဲ့၀င်တွေကို အရပ်၀တ်ပုံစံ၊ လက်နက်အပြည့်အစုံနဲ့ တွေ့ခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“မနေ့ကစပြီး ရပ်ကွက်ရုံးထဲရောက်လာတာ။ အရပ်၀တ်နဲ့ပဲ။ အရင်က ရုံးမှာ စစ်သားတွေ ရဲတွေရှိတာလေ။ အခု စစ်သား ရဲတွေပြောင်းလိုက်တော့ ပြည်သူ့စစ်တွေက ရောက်လာကြတာ။ တိုင်းစစ်ဌာနချုပ်အမိန့်နဲ့ ရောက်လာတယ်လို့ ကြားရတယ်။ လုံခြုံရေးအတွက်ပေါ့” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့
ရပ်ကွက်ထဲမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ပြီး လက်နက်တပ်ဆင် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဒေသအာဏာပိုင်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမည်မဖော်ပြလိုတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးကတော့ ရပ်ရွာလုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ပြီး ပြည်သူ့စစ်တာ၀န်ထမ်းဆောင်ဖို့ အထက်တာ၀န်ရှိသူတွေက ပြန်လည်ခေါ်ဆိုနေတာတွေရှိတယ်လို့လည်း ပြောပြပါတယ်။

လတ်တလောမှာ ရပ်ကွက်နဲ့ ကျေးရွာတွေထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က ကားနဲ့ လှည့်လည်သွားလာတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့ရတယ်လို့ ဒေသခံရွာသားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။