Connect with us

Hi, what are you looking for?

LuduNwayOo

News

စလင်းမြို့နယ် NLDအလုပ်အမှုဆောင်တစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

စလင်းမြို့နယ် ဝင်ရကျေးရွာရှိ ဦးနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

မကွေးတိုင်း စလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် ဦးနိုင်လင်းကို စစ်ကောင် စီတပ်က ယနေ့ (စက်တင်ဘာ၁၄ရက်) မွန်းလွဲပိုင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

စလင်းမြို့နယ် ဝင်ရကျေးရွာရှိ ဦးနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဒလန်က သတင်းပေးလို့လိုက်လံပစ်ခတ်ဖမ်းဆီးတာ။ ပစ်ခတ်တော့ ကျည်ထိပြီးမှန်သွားတယ်။ မှန်ရုံတင်မကဘူး နောက်ထပ် မှန်ပြီးတာနဲ့ တောက်လျှောက်ထပ်ပစ်တာ စကာပေါက်ဖြစ်သွားသွားပြီး ဒီကနေ့ ၃နာရီခွဲလောက်မှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးနိုင်လင်း၏ ရုပ်အလောင်းကို စလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုအချိန် သူတို့ လက်သုံးစကားက PDFနဲ့ ဆက်သွယ်တယ် NUGနဲ့ ဆက်သွယ်တယ်ပေါ့။ CRPHနဲ့ ဆက်သွယ်တယ် ဒါတွေပဲ သူတို့ ပြောမှာ။ လက်နက်ခဲယမ်းမီး ကျောက်တွေလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၀ိုင်းဝန်းဖမ်းဆီးတာပေါ့။ ဖမ်းဆီးရုံတင်မကဘူး ပစ်ခတ်ဖမ်းဆီးတာပေါ့။ သူတို့ မိုက်ရိုင်းနေတာကတော့ အထူးပြောစရာလိုတော့ပါဘူး။ အခုက ဖမ်းမိန့်တင်မကဘူး ပစ်မိန့်ပါ ပါနေတော့ သူတို့ မထင်ရင်မထင်သလို ရက်ရက်စက်စက် လူတွေကို ဖမ်းတယ်။ အိမ်တွေကို မီးရှို့တယ်။ ယူစရာရှိတာယူတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထု၏ အပြတ် အသတ်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအနိုင်ရရှိထားသော NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားသကဲ့သို့ မြို့နယ်နှင့် ရပ်ကျေး ပါတီဝင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။