Connect with us

Hi, what are you looking for?

News

စလင်းမြို့နယ် NLDအလုပ်အမှုဆောင်တစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

စလင်းမြို့နယ် ဝင်ရကျေးရွာရှိ ဦးနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

မကွေးတိုင်း စလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် ဦးနိုင်လင်းကို စစ်ကောင် စီတပ်က ယနေ့ (စက်တင်ဘာ၁၄ရက်) မွန်းလွဲပိုင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

စလင်းမြို့နယ် ဝင်ရကျေးရွာရှိ ဦးနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဒလန်က သတင်းပေးလို့လိုက်လံပစ်ခတ်ဖမ်းဆီးတာ။ ပစ်ခတ်တော့ ကျည်ထိပြီးမှန်သွားတယ်။ မှန်ရုံတင်မကဘူး နောက်ထပ် မှန်ပြီးတာနဲ့ တောက်လျှောက်ထပ်ပစ်တာ စကာပေါက်ဖြစ်သွားသွားပြီး ဒီကနေ့ ၃နာရီခွဲလောက်မှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးနိုင်လင်း၏ ရုပ်အလောင်းကို စလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုအချိန် သူတို့ လက်သုံးစကားက PDFနဲ့ ဆက်သွယ်တယ် NUGနဲ့ ဆက်သွယ်တယ်ပေါ့။ CRPHနဲ့ ဆက်သွယ်တယ် ဒါတွေပဲ သူတို့ ပြောမှာ။ လက်နက်ခဲယမ်းမီး ကျောက်တွေလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၀ိုင်းဝန်းဖမ်းဆီးတာပေါ့။ ဖမ်းဆီးရုံတင်မကဘူး ပစ်ခတ်ဖမ်းဆီးတာပေါ့။ သူတို့ မိုက်ရိုင်းနေတာကတော့ အထူးပြောစရာလိုတော့ပါဘူး။ အခုက ဖမ်းမိန့်တင်မကဘူး ပစ်မိန့်ပါ ပါနေတော့ သူတို့ မထင်ရင်မထင်သလို ရက်ရက်စက်စက် လူတွေကို ဖမ်းတယ်။ အိမ်တွေကို မီးရှို့တယ်။ ယူစရာရှိတာယူတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထု၏ အပြတ် အသတ်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအနိုင်ရရှိထားသော NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားသကဲ့သို့ မြို့နယ်နှင့် ရပ်ကျေး ပါတီဝင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook