Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ရွာလူထုကို လူသားဒိုင်းအဖြစ် ထပ်မံအသုံးပြု​နေဟု KNUသထုံခရိုင် ထုတ်ပြန်

သြဂုတ် ၁၀ရက်နှင့် ၁၁ရက်ကလည်း စစ်ကောင်စီတပ်သည် ဘီးလင်းမြို့နယ်ရှိ ကျေးရွာအချို့မှ အမျိုး သမီးများကို စစ်ကြောင်းလုံခြုံရေးအတွက် ခေါ်ဆောင် အသုံးပြုခဲ့ဖူးကြောင်း တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များမှ တပ်ချိန်းရာတွင် ၎င်းတို့ စစ်ကြောင်းလုံခြုံရေးအတွက် ကျေးရွာခေါင်း ဆောင်များကို ခေါ်ဆောင်သွားကာ လူသားဒိုင်းအဖြစ် ထပ်မံအသုံးပြုနေကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်က အာဏာသိမ်းစစ်ကောင်စီ လက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်းသို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာတွင် ထော်လာဂျီငါးစီးနှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ ​ခြောက်ဦးကို အဓ္ဓမခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟုဆိုသည်။

ယာဉ်မောင်းများအပါအဝင် ခေါ်ဆောင်သွားသည့် ထော်လာဂျီ ​ခြောက်စီးတွင် ဆန်အိတ် ၁၆၆ အိတ်တင်သွား သော်လည်း ပိုက်ဆံမပေးကြောင်း၊ မြစ်ကျိုးရွာမှ ရပ်မိ၊ရပ်ဖ​ခြောက်ဦးကိုလည်း ၎င်းတို့ စစ်ကြောင်း လုံခြုံရေးအတွက် ခေါ်သွားခြင်းဖြစ်ကြောင်း KNU ဘီးလင်းမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို KNU သထုံခရိုင်က ထုတ်ပြန်သည်။

သြဂုတ် ၁၀ရက်နှင့် ၁၁ရက်ကလည်း စစ်ကောင်စီတပ်သည် ဘီးလင်းမြို့နယ်ရှိ ကျေးရွာအချို့မှ အမျိုး သမီးများကို စစ်ကြောင်းလုံခြုံရေးအတွက် ခေါ်ဆောင် အသုံးပြုခဲ့ဖူးကြောင်း တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။