Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က အာဏာသိမ်း မှုကို ရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းဖို့ ထပ်လောင်းတိုက်တွန်းထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ မြန်မာပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေ တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က အာဏာသိမ်း မှုကို ရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းဖို့ ထပ်လောင်းတိုက်တွန်းထုတ်ပြန်ခဲ့ကြပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့အတူတကွရပ်တည် နေပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားတန်ဖိုးထားဖို့အတွက် စစ်အာဏာရှင် တို့ကို တောင်းဆိုပါတယ်”လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင် မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည်တည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေ ခံအမှန်တရားတစ်ရပ်ကို အခုလို အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်က ထပ်လောင်းအတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။