Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က အာဏာသိမ်း မှုကို ရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းဖို့ ထပ်လောင်းတိုက်တွန်းထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ မြန်မာပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေ တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က အာဏာသိမ်း မှုကို ရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းဖို့ ထပ်လောင်းတိုက်တွန်းထုတ်ပြန်ခဲ့ကြပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့အတူတကွရပ်တည် နေပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားတန်ဖိုးထားဖို့အတွက် စစ်အာဏာရှင် တို့ကို တောင်းဆိုပါတယ်”လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ပြည်သူတွေအတွက် ပြည်သူတွေကရွေးကောက်တင် မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည်တည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေ ခံအမှန်တရားတစ်ရပ်ကို အခုလို အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့မှာ အမေရိကန်က ထပ်လောင်းအတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။