Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းရှည်ကပစမှ စစ်ကူသွား​သောစစ်​ကောင်စီတပ်ကို CDFကန်ပက်လက်က ကြားဖြတ်တိုက်ခိုက် ၇ ဦး​သေပြီး ဒဏ်ရာရသူအများအပြားဖြင့် ပြန်ဆုတ်သွား

CDF ကန်ပက်လက်က စတ်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကျင်ဒွေးမြို့သို့ အားဖြည့်တင်းရန် လောင်းရှည်ကပစမှ တောလမ်းဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား CDF-ကန်ပက်လက်က မကွေးတိုင်း လောင်းရှည်နှင့် ချင်းပြည်နယ် နယ်စပ် တစ်နေရာတွင် ယ​နေ့(စက်တင်ဘာ ၁၆) ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၇ ဦး​သေဆုံးပြီးဒဏ်ရာရရှိသူအများအပြားဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့​ကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်သည်။

တိုက်ပွဲတွင်CDF-Kanpetlet မှ ရဲဘော်များဘက်မှ အထိအခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟုလည်းပါရှိသည်။

CDF ကန်ပက်လက်က ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်များကို ဆက်တိုက် တိုက်ခိုက်​နေပြီး ​ဆောနှင့် ကန်ပက်လက်ကြား သွားလာခြင်းများ​မပြုရန်သတိပေးထားသည်။ထို့အပြင် တိုက်ပွဲသတင်းများနှင့်ပတ်သပ်၍လည်း “မိဘပြည်သူများအနေဖြင့် အတည်မပြုရသေး/မထုတ်ပြန်ရသေးသော တိုက်ပွဲသတင်း /တိုက်ပွဲတည်နေရာများကို လူမှုကွန်ရက်ပေါ်တွင်ရေးသားသတင်းဖြန့်ခြင်းမပြုကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟုတိုက်တွန်းထားသည်။

CDF ကန်ပက်လက်က စတ်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Public Service Announcement

Public Service Announcement

အလားတူ စက်တင်ဘာ ၁၅ ရက်တွင်လည်း CDF- ကန်ပက်လက်နှင့်စစ်​ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ၄ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုမရှိခဲ့ဟု CDF ကန်ပက်လက်ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။