Connect with us

Hi, what are you looking for?

News

လောင်းရှည်ကပစမှ စစ်ကူသွား​သောစစ်​ကောင်စီတပ်ကို CDFကန်ပက်လက်က ကြားဖြတ်တိုက်ခိုက် ၇ ဦး​သေပြီး ဒဏ်ရာရသူအများအပြားဖြင့် ပြန်ဆုတ်သွား

CDF ကန်ပက်လက်က စတ်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကျင်ဒွေးမြို့သို့ အားဖြည့်တင်းရန် လောင်းရှည်ကပစမှ တောလမ်းဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား CDF-ကန်ပက်လက်က မကွေးတိုင်း လောင်းရှည်နှင့် ချင်းပြည်နယ် နယ်စပ် တစ်နေရာတွင် ယ​နေ့(စက်တင်ဘာ ၁၆) ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၇ ဦး​သေဆုံးပြီးဒဏ်ရာရရှိသူအများအပြားဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့​ကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်သည်။

တိုက်ပွဲတွင်CDF-Kanpetlet မှ ရဲဘော်များဘက်မှ အထိအခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟုလည်းပါရှိသည်။

CDF ကန်ပက်လက်က ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်များကို ဆက်တိုက် တိုက်ခိုက်​နေပြီး ​ဆောနှင့် ကန်ပက်လက်ကြား သွားလာခြင်းများ​မပြုရန်သတိပေးထားသည်။ထို့အပြင် တိုက်ပွဲသတင်းများနှင့်ပတ်သပ်၍လည်း “မိဘပြည်သူများအနေဖြင့် အတည်မပြုရသေး/မထုတ်ပြန်ရသေးသော တိုက်ပွဲသတင်း /တိုက်ပွဲတည်နေရာများကို လူမှုကွန်ရက်ပေါ်တွင်ရေးသားသတင်းဖြန့်ခြင်းမပြုကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟုတိုက်တွန်းထားသည်။

CDF ကန်ပက်လက်က စတ်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Public Service Announcement

Public Service Announcement

အလားတူ စက်တင်ဘာ ၁၅ ရက်တွင်လည်း CDF- ကန်ပက်လက်နှင့်စစ်​ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ၄ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုမရှိခဲ့ဟု CDF ကန်ပက်လက်ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်